၄၀၀။ "အားကျခြင်း မနာလိုခြင်း မုန်းတီးခြင်း - ၄"

532 46 1
                                    

၄၀၀။ အားကျခြင်း မနာလိုခြင်း မုန်းတီးခြင်း - ၄

ဂျန်ဝုရှီ၏ ပေါင်ပေါ်တွင် မှေးနေသည့် ကြောင်နက်လေးသည်ပင် မုန်းတီးခြင်းပြည့်နှက်နေသည့် ထိုအကြည့်အားလုံးမှ ထူထည်းသိပ်သည်းသော အမုန်းတရားများ ရောက်ရှိလာတာကို ခံစားသိမြင်နိုင်သည်။ ကြောင်နက်လေးက တည်ငြိမ်နေသော သူ့သခင်မလေးကို မျက်လုံးဖွင့်ကြည့်သည်။

ဂျန်ဝုရှီ၏ မျက်နှာက မည်သည့်ခံစားချက်ကိုမျှ ပြသမနေပေ။ ကျောက်စာချပ်လိုပင် တည်ငြိမ်နေသည်။

ကြောင်နက်လေးက သူ့လက်ဖဝါးများဖြင့် သူ့မျက်လုံးများကို ကာထားလိုက်သည်။ တခြားရှူထောင့်မှ ကြည့်လျှင် သူ့သခင်မလေး၏ အမူအရာက အထီးကျန် စိတ်ဝေဒနာခံစားနေရသော ကလေးငယ်တစ်ယောက်လို ဖြစ်နေသည်။

ကြောင်နက်လေးက သူ့သခင်မလေး၏ တခြားသူများအား ဂရုမစိုက်ခြင်းကို အားမရဖြစ်နေစဉ်, လူငယ်တစ်ယောက်က ထွက်လာ၍ ဂျန်ဝုရှီရှေ့သို့ လျှောက်လှမ်းလာသည်။

ဆရာ ဂူ ရွေးချယ်လိုက်တဲ့ တစ်ယောက်က မင်းလား ထိုလူငယ်က လက်မခံနိုင် ဖြစ်နေ၍ လာမေးခြင်း ဖြစ်သည်။

ဂျန်ဝုရှီက သူမရှေ့ရှိ ရက်စက်လိုဟန်ဖြစ်နေသည့် လူငယ်ကို ဖြည်းညင်းစွာ ခေါင်းမော့ကြည့်သည်။ သူမက ခဏလောက်သာ ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ ကြောင်နက်လေးကို ပြန်လည် ပွတ်သပ်ပေးနေသည်။

သူ့အား လုံးဝ အရေးမစိုက်တာကို တွေ့လိုက်ရလျှင် ထိုလူငယ်က ဒေါသမီးလျှံများ တောက်လောင်လို့ လာသည်။ ဒီကောင်လေးက မယုံကြည်နိုင်လောက်အောင် မာနကြီးလှပါလား, စကားတစ်ခွန်းတလေကိုတောင် ပြန်မပြောပါလား, သူ့ကို အထင်သေးဟန် တစ်ချက်သာ ကြည့်လိုက်ပါလား, ဘယ်သူက ဒါမျိုးကို သည်းခံနိုင်မှာတဲ့လဲ။

ကြောင်နက်‌လေးသာ စကားပြောလိုစိတ်ရှိလျှင် ဒေါသမီး တောက်လောင်နေသော ထိုလူငယ်ကို သည်လို ပြောမိမည် ဖြစ်သည်....

ကောင်လေး... မင်း မှားနေတယ်နော်... ငါ့သခင်မလေးက မာနကြီးတဲ့လူ မဟုတ်ဘူး... သူမက စကားပြောရတာကို ဝါသနာမပါတာ....

ပါရမီရှင်သမားတော်(၂)Where stories live. Discover now