၂၅၁။ "ဘုရင်တစ်ပါး၏ လမ်း - ၂"

1K 87 0
                                    

၂၅၁။ “ဘုရင်တစ်ပါး၏ လမ်း - ၂”

“ငါ ငယ်ငယ်တုန်းက, ငါ့အဖေနဲ့ အမေက အိမ်ထောင်ရေး အဆင်ပြေနေတယ်လို့ တွေးခဲ့မိတယ်၊ အဲလူက အလှလေးတွေ ဝိုင်းနေတာတောင်, အမေ့ကို ရည်ရည်မွန်မွန် လေးလေးစားစား ဆက်ဆံခဲ့တယ်၊ ဒါကလည်း ငါ အဲလူကြီးရဲ့ လိမ်ညာတတ်တဲ့ သဘာဝကို မသိခင်အထိပေါ့။”

“ကိစ္စတွေက ငါ့အမေ သေဆုံးပြီးတော့ အရာအားလုံး ထင်ရှားလာခဲ့တယ်၊ ငါ့အမေဘက်က မိသားစုတွေ အသတ်ခံလိုက်ရတယ်၊ ဥစ္စာဓနကြွယ်ဝတဲ့ ကျန်မိသားစုတွေ ပြည်နှင်ဒဏ်ခံခဲ့ရတယ်၊ ကိစ္စတွေက ဒီလောက်အထိ ပေါ်ပေါက်လာတော့မှ အထင်နဲ့ အမြင်တခြားစီ ဖြစ်လာတော့တာပဲ၊ ငါ့ကိုလည်း ကြီးကျယ်ခန်းနားတဲ့ နန်းဆောင်မှာ အကျဉ်းချထားလိုက်သေးတယ်၊ ပြီးတော့လည်း ကြာရှည် အဆိပ်ခပ်ခဲ့သေးတယ်၊ ငါ လူမှားပြီး ယုံကြည်ခဲ့တာ ဘယ်လောက် နာကျင်စရာကောင်းလိုက်သလဲ၊ အဲဒီနောက် ငါ သူ့ကို မုန်းတီးလာတော့တာပဲ၊ ငါ နားလည်လာတော့ သနားကျင်နာခြင်းဆိုတာကို ငါကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တယ်။”

“ဒါပေမဲ့ ငါ အခုထိ မိုက်မဲနေတုန်းဆိုတာ အခု သက်သေပြနေတယ်၊ ဂျန်ဝုရှီ, ငါ နင့်ကို အကြွေးတင်သွားပြီ... အများကြီး တင်သွားတာ၊ ဒီဘဝမှာ ငါ နင့်ကို ပြန်ပေးဆပ်လို့ မရလောက်အောင်ကို များပြားလွန်းတယ်၊ ငါ့ ဘဝက, ကနေ့ကစပြီး နင့်အပိုင်ပဲ၊ နင် ဘာပြောပြော, နင် ဘာလုပ်လုပ်, ငါ ဘယ်တော့မှ နင့်ကို ဆန့်ကျင်ဘက် လုပ်မှာ မဟုတ်ဘူး။” မိုချင်းယွမ်က ရန်သူများအား သနားငဲ့ညှာခြင်းက သင့်ကိုယ်သင် ညှန်းပန်းခြင်းဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားခဲ့သည်။

သူက ကိုယ့်ကိုယ်ကို ဒုက္ခပေးခြင်းက လုံလောက်နေလေပြီ။ သူက ဖြစ်နေကျအတိုင်း သူ့ကိုယ်သူ လွယ်ကူသည့် ပစ်မှတ် အဖြစ်ခံတော့မည် မဟုတ်ပေ။ သူကိုယ်တိုင် ဝင်တိုးသည့် အကြပ်အတည်းများမှ ကယ်တင်ရန် သူတပါးအား စောင့်မျှော်နေသည့် အဖြစ်မျိုးကိုလည်း ထပ်မံ အဖြစ်ခံတော့မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now