၆၀၄။ ၇ခုမြောက် ရိုက်ချက်-၁၁

411 46 0
                                    

၆၀၄။ ၇ခုမြောက် ရိုက်ချက်-၁၁

နင်ရူက စိတ်ရော ကိုယ်ပါ ပင်ပန်းနေသည့် ဖခင်လို ပုံစံမျိုး ကစားပြခြင်း ဖြစ်သည်။ သူက ၎င်းကစားကွက်မှာ အပြည့်အဝ နှစ်မြှုပ်ထားသည်။ သို့သော် ဂျန်ဝုရှီက အနည်းငယ်မျှ လှုပ်ရှားသွားခြင်း မရှိပေ။

လောင်ချီက အမိန့်ဆင့်လိုက်သည်။ ရူလင်းစစ်သားနှစ်ယောက်က သူတို့ မြင်းဘေးမှ ချက်ချင်း ထွက်လာကြသည်။ လေညင်းကျောင်းတော် ဂိတ်တံခါးကို သူတို့ လျင်မြန်စွာ ဖြတ်ကျော်လာကြသည်။ ၎င်းစစ်သားနှစ်ယောက်လုံးက အလျား ခြောက်လက်မ, အနံ နှစ်လက်မအထူရှိသော သစ်သားပြားတစ်ချောင်းစီကို အသီးသီး ကိုင်ဆောင်လာကြသည်။

ရူလင်းစစ်သားနှစ်ယောက်၏ ပုံစံကြောင့် နင်ရူက သူ့ကမ္ဘာကြီး နက်မှောင်သွားသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားက အတိုင်းမသိ လေးလံသွားလေ၏။

စစ်ဥပဒေအရ, ကျာပွတ်နဲ့ အကြိမ်သုံးဆယ်, သစ်သားပြားနဲ့ အချက်တစ်ရာ အပြစ်ပေးခံရမှာ ဖြစ်တယ်။ လောင်ချီက ခံစားခြင်းကင်းမဲ့လျက် ပြောသည်။

ကျာပွတ်ရိုက်ချက် သုံးဆယ်... သစ်သားပြားနဲ့ အချက်တစ်ရာတောင်ပဲလား။

လေညင်းကျောင်းတော်သားများ ၎င်းအရေအတွက်ကို ကြားရလျှင်, သူတို့အားလုံး ရူလင်းစစ်သားနှစ်ယောက်ကို လှည့်ကြည့်လိုက်ချိန်မှာ သူတို့ ဦးရေပြားများ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားကြသည်။

နင်ရှင်း၏ နုနယ်ပြီး အမျိုးသမီးခန္ဓာကိုယ် ဖြစ်နေသဖြင့် ၎င်းအပြစ်ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။ တစ်ချက်တလေနှင့်ပင် သူမအသက်ကို ယူဆောင်သွားနိုင်လောက်သည်။

မဟုတ်ဘူး... မဟုတ်ဘူး... နင်ရှင်းက အနားသို့ ကပ်လာသော စစ်သားနှစ်ယောက်ကို ကြည့်လျက် သစ်ရွက်တစ်ရွက်လို တုန်တုန်ယင်ယင် ဖြစ်နေသည်။ ကြီးမားပြီး လေးလံသော သစ်သားပြားများက သူမအရိုးထိ အေးစက်မှုကို ခံစားရစေသည်။ သူမ ပြစ်မှုကြောင့် သေရမည်ဆိုလျှင်တောင်, သူမက သန့်ရှင်းသော ဓားချက်ဖြင့်သာ သေချင်သည်။ ဂျန်ဝုရှီက သူမအား လွယ်လွယ်နှင့် သေခွင့်ပြုဖို့ ရည်ရွယ်ချက် မရှိမှန်း သူ လုံးလုံး မခန့်မှန်းမိပေ။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt