၅၄၀။ ချန်လင်းမြို့ - ၃
ဒါဆို ငါ မေးပါရစေ... ကြိုတင်မှာထားတဲ့ အခန်းကို တစ်ယောက်ယောက်က ပိုက်ဆံ ပိုပေးနိုင်တာနဲ့ အရင်ဆုံး သုံးနိုင်သွားရောလား, အဲဒါ သင့်တော်ရဲ့လား လှေခါးကို ပိတ်ဆို့ထားသော လူငယ်က လှောင်လိုက်သည်။
ဒါ သင့်တော်လား မသင့်တော်ဘူးလားလို့ မင်း ပြောရမဲ့ အရာ မဟုတ်ဘူး၊ ဒါပေမဲ့ လောကကြီးထဲမှာ ပိုက်ဆံကို ငြင်းဆန်နိုင်တဲ့သူ ရှိလို့လား၊ ပိုက်ဆံ ပိုပေးနိုင်ရဲ့သားနဲ့ တည်းခိုခန်းပိုင်ရှင်က ဒါကို လက်မခံရင် အဲဒါ ရူးနေလို့ပဲ လေညင်းကျောင်းတော်မှ ကျောင်းသားက ပြောသည်။
လူငယ်အုပ်စု နှစ်ခုက ငြင်းခုန်နေရင်းဖြင့် ရန်ဖြစ်ရန် တာဆူလာလျှင် ဂျန်ဝုရှီက ရုတ်တရက် သူတို့ဆီ တိုးဝင်သွားသည်။
ကြိုတင်မှာထားတာကို ပြောင်းလဲပစ်နိုင်သလား ဂျန်ဝုရှီက အံ့အားသင့်နေသော တည်းခိုခန်းပိုင်ရှင်ကို မေးသည်။
ပိုင်ရှင်က သူမကို မျက်တောင်မခတ်တမ်း ခဏလောက် ကြည့်ပြီး ခေါင်းယမ်းပြသည်။
ကျုပ်တို့ရဲ့ သာမညဌာနက ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး၊ ဒါပေမဲ့ ဒီရက်တွေမှာ လေညင်းကျောင်းတော် ကျောင်းသားတွေရဲ့ အားလပ်ရပ်ဖြစ်နေလို့ အတော်များများ မြို့ကို ရောက်လာကြတယ်၊ နေရာတိုင်းမှာ အခန်းတစ်ခန်း ရဖို့တောင် ခက်ခဲသွားတယ်...အကျိုးဆက်အနေနဲ့... ပိုင်ရှင်က ပြောစရာစကားမဲ့သွားသည်။
သူ့တည်းခိုခန်းက ချန်းလင်းမြို့တွင် နာမည်ကျော်ကြားသော တည်းခိုခန်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သူတို့၏ တည်းခိုခန်းစရိတ်က ဈေးမြင့်သော်လည်း လေညင်းကျောင်းသားများက ပိုက်ဆံ ချို့တဲ့သူများ မဟုတ်ကြချေ။ သူတို့က သုံးဖြုန်းနိုင်သည်။ ထို့ကြောင့် ဒီတည်းခိုခန်းက လေညင်းကျောင်းတော်သားများကြား အကျော်ကြားဆုံး ဖြစ်လာသည်။
သို့သော် တည်းခိုခန်းမှာ အခန်းက အကန့်အသတ်ရှိသည်။ လွန်ခဲ့သော ရက်အနည်းငယ်လောက်က တစ်ယောက်ယောက် လာပြီး အခန်းများကို ကြိုတင်စာရင်းသွင်းပြီး ပိုက်ဆံပါ ပေးချေခဲ့သည်။ ထို့နောက် မမျှော်လင့်ဘဲ ဒီလို ကိစ္စရပ် ဖြစ်ပွားလာခဲ့သည်။