၆၄၇။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၂)

377 40 0
                                    

၆၄၇။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၂)

ဖန်ဇိုသည်ပင် သူ၏ ကိုယ်ပိုင် ဝိညာဉ်မီးလျှံ၏ မူရင်းလာရာဇာစ်မြစ်ကို မသိပေ။ ၎င်းဝိညာဉ်မီးလျှံကို သူ့မိခင် ကွယ်လွန်ခါနီးချိန်မှာ သူ့အား အမွေအဖြစ် ပေးအပ်ခဲ့သည်။ ဖန်ဇိုက ၎င်းကို ဒီအတိုင်း သုံးစွဲနိုင်သည်။ အကြောင်းက သူတို့၏ ချိတ်ဆက်ခြင်းက သူတို့ သွေးဖြင့် ချည်နှောင်ထားသောကြောင့် ဖြစ်သည်။

သမိုင်းတောက်လျှောက် လက်စွပ်ဖန်တီးသူများက သူတို့၏ ဝိညာဉ်မီးလျှံကို မည်ကဲ့သို့ ရရှိလာကြောင်းက ကြီးမားသော လျှို့ဝှက်ချက် အဖြစ် တည်ရှိသည်။ ဝိညာဉ်လက်စွပ်ဖန်တီးသူ တစ်ဦးတစ်ယောက်သည်ပင် ၎င်းအမှန်တရားကို ဖွင့်မပြောခဲ့ကြချေ။

ဖန်ဇို၏ မိခင်သည်ပင် ဖန်ဇိုအား ၎င်းအကြောင်းကို မပြောပြခဲ့ဖူးပေ။

၎င်းအကြောင်းတရားက ဂျန်ဝုရှီ၏ လက်စွပ်ဖန်တီးသူ ဖြစ်ချင်သော စိတ်ဆန္ဒကို မရပ်တန့်နိုင်ချေ။

နေဝင်ဆည်းဆာအချိန် ဖြစ်လာသည်။ မြင်းဆွဲရထားလုံးက တောင်လမ်းကြားအတွင်းမှာ ရှိနေသည်။ သူတို့ခရီးစဉ်က တစ်ဝက်ကျော်နေလေပြီ။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ နောက်ထပ် ငါးရက်လောက်ကြာလျှင် ရောက်တော့မည်ဟု သူတို့ မှန်းထားကြသည်။

လောလောဆယ် ဂျန်ဝုရှီနှင့် သူမ၏ အပေါင်းအသင်းများက လူနေရွာများမှ ဝေးကွာလာခဲ့ကြလေပြီ။ မိုင်တစ်ရာပတ်လည်တွင် မည်သည့် လူတစ်ယောက်တလေကိုပင် မတွေ့ရချေ။ အမြင့်စီးမှ လှမ်းကြည့်လျှင်ပင် ပတ်ပတ်လည်မှာ မည်သည့် မြို့ကိုမျှ မတွေ့ရချေ။ မိုင်ပေါင်းများစွာ လူသူတစ်စုံတစ်ယောက်မျှ မရှိချေ။

မုကွိုင်ဖန်က မြင်းဆွဲရထားလုံးကို တောင်ကြားလမ်းဘေးတွင် ရပ်တန့်လိုက်သည်။ ဂျန်ဝုရှီနှင့် တခြားလူများက ရထားလုံးထဲမှ တစ်ယောက်ချင်း လှမ်းထွက်လာကြသည်။ သူတို့က ကျောက်ဆောင်စွန်းတွင် မီးတုတ် ထွန်းညှိလိုက်ကြသည်။ သူတို့၏ ယာယီတဲများတွင်လည်း မီးတုတ်များ တပ်ဆင်လိုက်ကြသည်။ သူတို့ အနားယူရန် အဆင်သင့် ပြင်ဆင်ထားလိုက်ခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt