၄၁၆။ "အသရေဖျက်ခြင်း - ၈"

485 42 1
                                    

၄၁၆။ အသရေဖျက်ခြင်း - ၈

ယင်ယန်က သူ့လုပ်ဆောင်ချက် မအောင်မြင်သဖြင့် မချင့်မရဲ ဖြစ်နေသည်။ လီဇီမု၏ ချစ်မြတ်နိုးခြင်းပြည့်နေသော လေသံကို ကြားရလျှင် သူက လီဇီမုကို မကျေမချမ်း လှည့်ကြည့်လိုက်သည်။

တရားမျှတမှု စကားတွေတဲ့လား။

သူက ဒီလို အမှိုက်ကောင်ကို ကာကွယ်ပေးရန် စိတ်မဝင်စားချေ။

ယင်ယန်က ပြစ်တင်ကြိမ်းမောင်းရန် ဟန်ပြင်စဉ်, ပုံရိပ်တစ်ခုက ရုတ်တရက် ယင်ယန်ဘေးသို့ သိမ်သိမ်မွေ့မွေ့ လျှောက်လှမ်းလာသည်။

နင်နဲ့ ယန်လေးက နှစ်ယောက်လုံး ဝိညာဉ်ကုစားဌာနက တပည့်ဖြစ်နေမှတော့ နင့်ကို ကာကွယ်ပေးရမှာ အမှန်တရားတစ်ခုပဲပေါ့၊ နင် မတရားသဖြင့် အနိုင်ကျင့်ခံနေရတာကို ဒီအတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ငယ်ရွယ် လှပသော မိန်းကလေးက သူတို့ နှစ်ယောက်ထံသို့ ရောက်ရှိလာသည်။ သူမအပြုံးက တောက်ပလွန်းသဖြင့် မြင်လိုက်ရသော လီဇီမု ကြက်သေသေသွားသည်။

လီဇီမုက သူ့ရှေ့ရှိ မိန်းမလှလေးမှ မျက်လုံး မခွာနိုင် ဖြစ်သွားရသည်။

အမကြီး နင် ယင်ယန်က အမကြီးနင် အနားသို့ ရောက်ရှိလာတာကို တွေ့မြင်ရလျှင် ပြစ်တင်ကြိမ်းမောင်းလိုစိတ်ကို ပြန်လည် မျိုသိပ်လိုက်သည်။

အမကြီးနင်က သူ့ကို မျက်နှာသာပေးသောအားဖြင့် သိမ်သိမ်မွေ့မွေ့ ပြုံးပြ၍ လီဇီမုကို ကြည့်ကာ ပြောသည် ဝိညာဉ်ကုစားဌာနကို ဝင်ရောက်လာနိုင်တယ်ဆိုတော့ နင့်မှာ ကိုယ်ပိုင် အစွမ်းအစတွေ ရှိလို့ပေါ့၊ နောက်ဆို ယန်လေးနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေကြပေါ့။

ဟုတ်...ဟုတ်... ကျိန်းသေတာပေါ့...အ..အမကြီး နင်။ လီဇီမုက မိန်းမလှလေး၏ ဆွဲဆောင်အားကြောင့် လုံးဝဥဿုံ အသိစိတ် ပြန်မကပ်သေးဘဲ ယင်ယန် ပြောသလို မိန်းမလှလေးကို အမကြီးနင်ဟု ခေါ်လိုက်သည်။

အမကြီးနင်က နောက်ထပ် သိမ်မွေ့စွာ သူ့အား ပြုံးပြ၍ ယင်ယန်အား တစ်ချက်ကြည့်ကာ ထမင်းစားခန်းမမှ သူတို့ နှစ်ယောက် ထွက်ခွာသွားကြသည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora