၅၂၃။ မုန်တိုင်းထန်ခြင်း-၂

452 39 0
                                    

၅၂၃။ မုန်တိုင်းထန်ခြင်း-၂

သို့သော် ဒီတစ်ကြိမ် နင်ရှင်း ပြန်သယ်လာသည့် သတင်းက တုန်လှုပ်ဖွယ်ကောင်းနေ၏။

နင်ရူက ဂျန်ရှီကို ဘယ်တုန်းကမှ မျက်လုံးထဲ ထည့်မထားပေ။ သို့သော် လွှမ်းမိုးနိုင်အားကြီးသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း, ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားရှင်များနှင့် မိတ်ဆွေဖြစ်နေခြင်းကို သူ ကြားလျှင်ကြားချင်း အလွန် အံ့အားသင့်သွားသည်။ ၎င်းခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်များက ဌာနခွဲမှသာ ကျောင်းသားများ ဖြစ်နေပြန်သည်။

ဒါက အတော့်ကို မယုံကြည်နိုင်စရာ ဖြစ်နေ၏။

ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်များကို မတွေ့မြင်ရတာ ရာစုနှစ်တစ်ခုကျော်ပင် ရှိနေလေပြီ။ ဘာ့ကြောင့် ၎င်းစွမ်းအားရှင်များက ရုတ်တရက် ဌာနခွဲ တပည့်များကြားမှာ ထွက်ပေါ်လာရသနည်း။ ထိုအချက်အလက်များက နင်ရူအား ပြောစရာစကားကို ကျော်လွန်လျက် အံ့အားသင့်စေသည်။ သူ အပြည့်အဝ နားမလည်တော့ပေ။

သမီး တကယ် မြင်ခဲ့တာ, မမှားဘူး, အကုန်လုံး အမှန်တွေချည်းပဲ.... ထိုနေ့ မြင်ကွင်းကို ပြန်လည် မြင်ယောင်စဉ်, နင်ရှင်း မထိန်းနိုင် မသိမ်းနိုင် တုန်လှုပ်ချောက်ချားရသည်။

နင်ရူက အတွေးနက်နေသည် နင် ဂျန်ရှီနဲ့ မျက်နှာချင်းဆိုင် တွေ့ဖူးလား။

နင်ရှင်း ချက်ချင်းပင် ခေါင်းယမ်းပြသည်။

တစ်ခါမှ ရင်ဆိုင်မတွေ့ဖူးဘူး၊ ကိစ္စတွေအားလုံး ယင်ယန် ဆောင်ရွက်ပေးတာ။

နင်ရူက စားပွဲကို လက်ညှိုးဖြင့် တဒေါက်ဒေါက် ခေါက်ကာ စဉ်းစားနေ၏။ ဖန်ဂျင်က အဲလူငယ်တွေကို စည်းရုံးပြီးသွားရင် သူ့အင်အားက ကြီးမားသွားလိမ့်မယ်၊ အဲအချိန်မှာ သူနဲ့ ရင်ဆိုင်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်၊ ငါတို့ သူ စည်းရုံးမပြီးခင် စီမံကိန်းချရအောင်၊ နင်က ဂျန်ရှီနဲ့ တစ်ခါမှ ရင်ဆိုင်မတွေ့ဖူးတော့ သူ့ကို သိမ်းသွင်းနိုင်ဖို့နဲ့ သူ့ကို ယုံကြည်သွားစေဖို့ နင် စွမ်းအားကုန် သူ့ကို သိမ်းသွင်းစည်းရုံးရမယ်၊ နင့်ဘေးနား ရောက်လာအောင်ပေါ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now