၆၉၃။ နောက်တစ်ကြိမ် တွေ့ခြင်း (၅)

337 38 0
                                    

၆၉၃။ နောက်တစ်ကြိမ် တွေ့ခြင်း (၅)

မင်း ဂျန်ရှီကို တွေ့ပြီလား နင်ရူ မေးသည်။ သူက ဂုယင်လက်မှာ သွေးများပေနေတာကို မျက်စိထောင့်စွန်းမှာ တွေ့လိုက်သည်။ ဂုယင်က နင်ရူကို ပျင်းရိလေးတွဲစွာ ကြည့်၍ ပြောသည် ငါ တွေ့ခဲ့တယ်၊ သူက မိတ်ဟောင်းဆွေဟောင်းပဲ။

နင်ရူ၏ နှလုံးသားက ခုန်ပေါက်သွားသည်။ သူ ဂုယင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာက သိလိုဟန် ဖြစ်နေသည်။

ဂုယင်က ရယ်လိုက်သည် ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ၊ သူက ဂျန်ရှီ ဖြစ်လိမ့်မယ်လို့ ထင်တောင် မထင်မိဘူး။

နင်ရူ ဘာမှ မပြောရဲပေ။

ငါ ခဏလောက် ဝါးတောအိမ်လေးမှာ နေလိုက်အုံးမယ်၊ ခင်ဗျား ကိုယ့်ဘာသာ ဖန်ဇိုကို လိုက်ရှာချေ၊ လှုပ်ရှားဖို့ လိုအပ်လာရင်, ငါ ငြင်းဆိုမှာတော့ မဟုတ်ဘူး ဂုယင်က နင်ရူကို ပြောသည်။

ကောင်းပါပြီ နင်ရူ သတိထားကာ ခေါင်းညိတ်လိုက်သည်။

လေညင်းကျောင်းတော်မှာ ဂူလီရှန်နဲ့ ဂျန်ရှီ ကျန်နေဖို့ပဲ လိုတယ်၊ တခြားလူတွေကို မိုးကောင်ကင်အဆုံး ချောက်နက်ကို ပို့နိုင်တယ်၊ ခင်ဗျား ဘယ်တော့ ဒီကိစ္စကို ဆောင်ရွက်မှာလဲ ဂုယင်က မေးသည်။ သူက ရုတ်တရက် သူ့ကို လှည့်ကြည့်၍ မေးထောက်ထားသည်။ ဖန်ချီ သေသွားတာ အတော်ကြာနေပြီ၊ လေညင်းကျောင်းတော်က အခု ခင်ဗျားလက်ထဲမှာ၊ ခင်ဗျား ဘယ်လောက်ကြာအောင် ဒီကိစ္စကို အချိန်ဆွဲနေအုံးမှာလဲ။

ဂုယင်က စိတ်မရှည်ဖြစ်လာသည်။

နင်ရူက တံတွေးမျိုချမိသည်။ သူက တွန့်ဆုတ်ဆုတ်ဖြင့် ပြန်ပြောလိုက်သည် ငါ အချိန်ဆွဲနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့.... ဝမ်ရှင်းဟန်က လတ်တလော ကျောင်းထဲမှာ ရှိနေတယ်၊ ငါ မူလကတည်းက ဖန်ချီသေတာကို ဖန်ဂျင့်အပေါ် လွှဲချပြီး တစ်ခါတည်း ဖယ်ရှားပစ်ဖို့ စီမံထားခဲ့တာပဲ၊ ဖန်ဇို သေသွားပြီးရင် ဖန်ဂျင်သတ်လိုက်တယ်ဆိုတဲ့ ဒီသတင်းကို ဖြန့်မလို့ပဲ၊ ဒါဆို ငါ တရားဝင် ကျောင်းအုပ်ကြီး ဖြစ်လာပြီးတော့ မိုးကောင်းကင်အဆုံး ချောက်နက်ကို ကျောင်းသားတွေ အကုန်လုံး ပို့လို့ရပြီပေါ့၊ ဒါပေမဲ့ ဝမ်ရှင်းဟန်က ဖန်ဂျင်ကို ကာကွယ်ဖို့ အချိန်ကိုက် ပြန်ရောက်လာခဲ့တာ၊ သူ ရှိနေတော့, ကြီးကြီးကျယ်ကျယ် ထလုပ်လိုက်ရင်, သူ့ရဲ့ စည်းကမ်းထိန်းသိမ်းရေးမှူး ရာထူးနဲ့ ငါ့ကို ရပ်တန့်ဖို့ အာဏာသုံးနိုင်တယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now