၂၅၉။ "တောင်ထွတ် ၁၂လုံး - ၁"

926 85 0
                                    

၂၅၉။ “တောင်ထွတ် ၁၂လုံး - ၁”

ချင်းယန်ကလန်က တပည့်သစ်စုဆောင်းရန် ကနဦးစစ်ဆေးမှု သုံးခုကို စီမံထားကြသည်။ ဂျန်ဝုရှီက သူမအား အနိုင်ကျင့်ခဲ့သည့် ငနဲနှစ်ကောင်နှင့် တွေ့ကြုံခဲ့ရသည့် ပထမတစ်ခုအပြင် ကျန် နှစ်ခုကိုပါ အသာအယာ ဖြတ်ကျော်ခဲ့သည်။

ထိုစမ်းသပ်စစ်ဆေးမှု သုံးခုက တစ်ထောင်မျှလောက်သော ဝင်ခွင့်ဖြေသူများကို တစ်ရာအထိ လျော့ကျသွားစေသည်။

ကျပ်ညပ်နေသည့် လမ်းမကြီးက အခု အလွန်ချောင်ချိသွားခဲ့လေပြီ။

အပေါ်ယံအားဖြင့် ကရော်ကမည်နိုင်သော ကျောက်ချူက အံ့အားသင့်ဖွယ်ရာပင် စမ်းသပ်မှုအားလုံးကို ဖြတ်ကျော်နိုင်ခဲ့သည်။ အခု သူက ကျေနပ်ပြုံးဖြင့် ဂျန်ဝုရှီနောက်သို့ လိုက်ပါလာပြီး တစ်လမ်းလုံး စကားပြောလာခဲ့သည်။

စစ်ဆေးမှု အောင်မြင်ကြသူများက ချင်းယန်ကလန်၏ လက်အောက်တွင် လေ့ကျင့်သင်ကြားဖို့ အခွင့်အရေး ရရှိဖို့ ရပ်တည်နိုင်မည်ဖြစ်သည်။ တစ်ရာမျှသော ဝင်ခွင့်ဖြေဆိုသူများက တောင်ထွတ်သို့ ရောက်ရှိလာကြပြီး သူတို့ရှေ့တွင် ချင်းယန်ကလန်၏ ခံ့ညားထည်ဝါသော အဓိကကျောင်းဆောင်ကို တွေ့မြင်ကြရသည်။ ဝင်ခွင့်ရသူများက အံ့အားတသင့် ခံစားလိုက်ကြရသည်။ သည်မြင်ကွင်းက သူတို့အား စိတ်ဓာတ်တက်ကြွစေသည်။

သူတို့ကို ချင်းယန်ကလန်က လက်ခံလိုက်ပါက, သူတို့ဘဝများက အကြီးအကျယ် ပြောင်းလဲသွားကြမည် ဖြစ်သည်။

ဝင်ခွင့်ဖြေဆိုသူများကို တောင်ထိပ်သို့ ဦးဆောင်ခေါ်လာသည့် ချင်းယန်ကလန် တပည့်က သူ့လက်ကို မြှောက်ပင့်လိုက်သည်။ ဆူညံနေသည့် လူအုပ်ကို အသံတိတ်ပေးရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက အစောင့်အရှေက်များစွာဖြင့် ချင်းယန်ကလန်၏ အဓိကကျောင်းဆောင်မှ ဖြည်းညင်းစွာ လှမ်းထွက်လာသည်။ သူကား ခံ့ညားပြီး လက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက အသက်သုံးဆယ်ကျော်လောက်သာ ထင်ရသော်လည်း, တကယ်တော့ အသက်လေးဆယ်ကျော် အရွယ်ဖြစ်သည်။ သူက ချင်းယန်ကလန်တွင် ထိပ်တန်းလူ ချင်ယွဲ့ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now