၅၃၃။ ဒုက္ခရှာသော လူနှစ်ယောက်-၁

498 45 0
                                    

၅၃၃။ ဒုက္ခရှာသော လူနှစ်ယောက်-၁

ဂုန်းချန်းလေ့ကို ဖန်ဂျင် မြန်မြန်ပင် ရှာတွေ့သည်။ သူ့ထံမှ ရရှိသည့် အချက်အလက်က သူ့ကို တုန်လှုပ်ချောက်ချားသွားစေသည်။

နင်ရူက ပြန်လည် အားဖြည့်ရန် သင့်တော်သော အားဆေးများကို နှစ်များစွာ ဖန်ချီအား ကူညီ ရှာဖွေပေးခဲ့သည်။ နင်ရူက အခါအားလျော်စွာ ဖန်ချီ၏ ကိုယ်ပိုင်စားဖိုဆောင်သို့ အလည်သွားတတ်သည်။ ဒီအကြောင်းအရာကို သူ သိရှိရသည်။ ဂျန်ဝုရှီ သုံးသပ်ပြတုန်းက မည်မျှလောက်ပင် သူ မုန်းတီးပါစေ, ဒါကို ဖြစ်နိုင်ဖွယ် မရှိဟူ၍ သူ သေသေချာချာ မှတ်ထင်ထားသည်။

နင်ရှင်းက သူ့အသက်ကို နှုတ်ယူဖို့ နောက်ကွယ်မှ ကြိုးစားခဲ့သည်။ သူမဖခင်က ဖန်ဇိုကို သတ်ဖို့ သူ့အစားအစာမှာ ဆေးခတ်တာက မဖြစ်နိုင်စရာ မရှိတော့ပေ။

ဖန်ဂျင် အလွန်အမင်း တုန်လှုပ်၍ ဝမ်းနည်းပက်လက် ဖြစ်သွားသည်။ ဒီတစ်ချိန်လုံး သူ ယုံကြည်ပြီး မိသားစုလို ဆက်ဆံခဲ့သော လူနှစ်ယောက်က သူနှင့် ဖန်ဇိုကို မသိမသာ လုပ်ကြံလိမ့်မည်ဟု သူ လုံးဝ တွေးထင်မထားပေ။

ဖန်ဂျင်က ထုံထိုင်းလေးလံသော စိတ်နှလုံးဖြင့် ဖန်ဇိုနှင့် ဂျန်ဝုရှီကို သူ သိသမျှ ပြောပြပြီးနောက် လေးလံသော ခြေလှမ်းများဖြင့် ပြန်လည် ထွက်ခွာသွားသည်။

ကနေ့ သူ တွေ့ရှိချက်အားလုံးကို ချေဖျက်ဖို့ အချိန်လိုတယ်။

ဒီတစ်ခါ ငါ့အကို တော်တော် စိတ်ထိခိုက်သွားပုံရတယ်။ ဖန်ဇို သက်ပြင်းချလိုက်သည်။ စိတ်ဓာတ်ကျကာ အဝေးသို့ လျှောက်လှမ်းထွက်ခွာသွားသော ပုံရိပ်ကို ဖန်ဇို ကြည့်ပြီး ဝမ်းနည်းသွားရသည်။

ဂျန်ဝုရှီက ဝါးတောအုပ်အတွင်းရှိ ခြံဝန်းတွင် ဝါးခုံတန်းရှည်၏ အဖျားဖက်တွင် ထိုင်နေသည်။ လော့မဲ့မဲ့က ကျေကျေနပ်နပ်ဖြင့် ဂျန်ဝုရှီ ခြေထောက်ပတ်လည်ရှိ လတ်ဆတ်သော မြက်များကို စားနေသည်။

အိပ်မက်ကနေ လန့်နိုးလာရမဲ့ အချိန်က အမြဲတမ်း ရှိနေမှာပဲလေ ဂျန်ဝုရှီက ကြောင်နက်လေးကို ပွတ်သပ်ပေးနေရင်း ပြောသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now