၇၇၅။ ညစာစားပွဲ (၂)

242 29 0
                                    

၇၇၅။ ညစာစားပွဲ (၂)

ဒီနှစ်အတွက် ညစာစားပွဲ ထိုင်ခုံများကို စီမံထားပုံက ကျောင်းတော်များ၏ အင်အားကို အခြေခံထားကြောင်း သိသာထင်ရှားသည်။ သို့သော် ထိုကိစ္စကို ရမယ်ရှာသူများတော့ မရှိကြချေ။ သို့သော်လည်း ထိုသို့ ထိုင်ခုံများ စီမံထားပုံက ဒီနှစ်မှ ဒီလိုမျိုး စီမံထားတာလား, နှစ်တိုင်း စီမံထားတာလားဟူ၍တော့ သူတို့ မသိကြချေ။

အစေခံက ဂျန်ဝုရှီတို့ကို လေ့ချန်၏ ဘေးနားရှိ ထိုင်ခုံများသို့ ဦးဆောင် ခေါ်သွားသည်။ ၎င်းထိုင်ခုံများက လေ့ချန်နှင့် အနီးဆုံး ဖြစ်ကြသည်။ လေညင်းကျောင်းတော်က အရင်လို မဟုတ်တော့သည့်အတွက် လေ့ချန်အနားမှာ သူတို့အတွက် ထိုင်ခုံများ စီမံထားခြင်းကြောင့် လူများ အံ့အားသင့်ကုန်သည်။ လေ့ချန်၏ လေညင်းကျောင်းတော်သားများအပေါ် အလွန်အမင်း အရေးပေးဆက်ဆံခြင်းက လူများ၏ မျှော်လင့်ထားခြင်းထက် ကျော်လွန်နေလေ၏။

အိုး, ညီငယ်လေး ဂျန်, မင်း ရောက်လာပြီလား လေ့ချန်က ဂျန်ရှီကို မြင်လျှင် တကယ်ပင် ထိုင်ခုံမှ ထ၍ သူ့ကို ကြိုဆိုလိုက်သည်။ ထိုအပြုအမူက ဧည့်ခံပွဲသို့ တက်ရောက်လာကြသော သူတို့အား တကယ်ပင် တုန်လှုပ်သွားစေသည်။

အစောပိုင်း နဂါးသတ်ကျောင်းတော်နှင့် စစ်တံခွန်ကျောင်းတော်များမှ တပည့်များ ရောက်ရှိလာချိန်မှာ လေ့ချန်က ခေါင်းညိတ်၍သာ အသိအမှတ်ပြုပြီး ထိုင်ခုံမှ ထရန် မလိုလားခဲ့တာကို သူတို့ အတော်များများ သတိထားမိကြသည်။ ဒီတစ်ကြိမ်မှာတော့ လေ့ချန်က ထိုင်ခုံမှ ထသည့်အပြင် ညီငယ်လေး ဂျန်ဟူ၍ပင် ခေါ်လိုက်သေးသည်။

ထိုအခိုက်တွင် လူတိုင်းက ဂျန်ဝုရှီကို အာရုံစိုက်၍ ကြည့်လာကြသည်။ အိမ်ရှေ့စံ၏ သာမန်မဟုတ်စွာ အလေးပေးခြင်းကို လက်ခံရရှိသူက မည်သို့သော လူနည်းဟု သူတို့ သိချင်ကြလို့ ဖြစ်သည်။

သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးဖြင့် နူးညံ့သိမ်မွေ့ပြီး အေးစက်စက် ထီမထီဟန် လူငယ်လေးကို သူတို့ တွေ့ရှိကြလေ၏။ သူတို့က ဂျန်ဝုရှီကို ဗြောင်တင်ပင် ခေါင်းစ ခြေဆုံး စူးစူမ်းလေ့လာကြသည်။ သူတို့က ဂျန်ဝုရှီကို ကောင်းလေး သေးသေးဟူ၍သာ စဉ်းစားသည်။ တခြား များများစားစား မစဉ်းစားကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now