၆၆၂။ ချောက်နက် အောက်ခြေသို့ (၃)

373 35 0
                                    

၆၆၂။ ချောက်နက် အောက်ခြေသို့ (၃)

အမှောင်ထုနှင့် မသိသော အရာများအား ကြောက်ရွံ့ခြင်းက အချိန်ကို နှေးကွေးသလို ဖြစ်သွားစေသည်။ သို့အတွက် သူတို့ မည်မျှလောက်ထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို တိုင်းတာဖို့ မဖြစ်နိုင် ဖြစ်သွားရသည်။

အေးစက်၍ စိုထိုင်းသော မြူထုက သူတို့ ပတ်ပတ်လည်မှာ ဝိုင်းရံနေသည်။ သူတို့ ကြိုးများမှာ ငွေ့ရည်ဖွဲ့လာ၍ စိုစွတ်လာပြီး သူတို့ ကိုယ်များမှလည်း မကြာခင်မှာပင် ရေခဲအလွှာများ ခြံရံလာတော့သည်။

ရေခဲအလွှာများမှ အေးစက်မှုက ကြိုးများအား အမြင့်ဆုံး စိုထိုင်းစေပြီး လွယ်လွယ်ကူကူ အေးခဲသွားစေလိမ့်မည်။ ကြိုးများ အေးခဲသွားလျှင် အားနည်းသွားလိမ့်မည်။ ထိုသို့ ဖြစ်လာလျှင် သူတို့ အလေးချိန်ကို ကြိုးများ ခံနိုင်ရည် ရှိမည် မဟုတ်တော့ပေ။

ရေခဲအလွှာများအား ပြန့်ကျဲသွားစေဖို့ ဂျန်ဝုရှီတို့က သူတို့၏ ဝိညာဉ်စွမ်းအားများကို ကြိုးများတောက်လျှောက် ပို့လွှတ်ပေးရုံမှ တပါး ရွေးချယ်စရာ မရှိကြချေ။ ထိုသို့ ပြုလုပ်ဖို့ စွမ်းအား အနည်းငယ်သာ လိုအပ်သော်လည်း, ကြိုးအရှည်က ပုံမှန်မဟုတ်ဘဲ ရှည်လျားလွန်းပြီး ကြိုးစကုန်သည်အထိ သူတို့ အချိန်စောင့်ရမည် ဖြစ်သည်။ ကြိုးများသာ အေးခဲသွားလျှင်, အလယ်မှာတင် ကြိုးက ပြတ်တောက်သွားနိုင်ပြီး တောက်လျှောက် ပြုတ်ကျသွားနိုင်သဖြင့် သေရုံမှ တပါး မရှိတော့ပေ။

ဒီနေရာက လူသားတွေ လာဖို့ မသင့်တဲ့ နေရာပဲ၊ ဒီကမ္ဘာမှာ အမှောင်နိုင်ငံက ဘယ်လိုလာပြီး ကြောက်စရာ နေရာကို တည်ဆောက်ထားပါလိမ့် ကျောက်ချူ၏ အသံက အမှောင်ထုထဲမှာ ဟိန်းထွက်လာသည်။ သူ၏ ပုံမှန် ကျယ်လောင်ပြီး ခပ်မြူးမြူး လေသံက အခု အနည်းငယ် စိုးရိမ်ပြီး ပင်ပန်းနေဟန်သို့ ပြောင်းလဲသွားလေ၏။

သူတို့ ဘယ်လောက်ကြာကြာ ဆင်းလာခဲ့ပြီလဲလို့ ဂျန်ဝုရှီအား မေးဖို့အထိ သူ ပင်ပန်းနေသည်။ သူ့လက်များ ထုံထိုင်းနေတာကို မခံရပ်နိုင်အောင် သူ သတိထားမိသည်။ ထို့ပြင် သူ့ခြေထောက် အဆက်များလည်း အတော့်ကို နာနာကျင်ကျင် ဖြစ်နေလေပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now