၄၀၃။ "ဝိညာဉ်ကုစားသူ - ၃"

488 52 0
                                    

၄၀၃။ ဝိညာဉ်ကုစားသူ - ၃

ငါ ဆိုလိုတာက မင်း ဒီစာအုပ်ကို ယူသွားပြီး အေးအေးဆေးဆေး လေ့လာဖို့ ပြောတာ။ ဂူလီရှန်က ရှင်းပြသည်။

ကျုပ် လေ့လာပြီးသွားပြီ။

ဘာ ဂူလီရှန်က ဂျန်ဝုရှီကို မယုံကြည်နိုင်စွာ ကြည့်သည်။

ကျုပ် လေ့လာပြီးသွားပြီ ဂျန်ဝုရှီက ထပ်ပြောသည်။

စာအုပ်က လေညင်း‌ကျောင်းတော်၏ စည်းကမ်းစာအုပ်ထက် ပါးလျသည်။ ထိုစာအုပ်နှင့် နှိုင်းယှဉ်လျှင် သည်စာအုပ်ကို မှတ်သားဖို့ သူမအတွက် လွယ်ကူသည့် ကိစ္စဖြစ်သည်။

..............ဂူလီရှန်က ဂျန်ဝုရှီအား ဆက်လက် ကြည့်နေမိသည်။ အတော်ကြာတော့မှ သူက ပြောလာသည် လေ့လာပြီးသွားပြီလား၊ ဒါဆို ငါ့ကို ရှစ်ရွက်မြောက်က ဒုတိယစာပိုဒ်ကို ရွတ်ပြနိုင်မလား။

ဂျန်ဝုရှီက ဂူလီရှန်အား တစ်ချက်ကြည့်ပြီး ဖြည်းဖြည်းနှင့် ရှင်းလင်းစွာ ရွတ်ပြသည်။ သူမက တစ်လုံးမကျန် အတိအကျ ရွတ်ပြသည်။ အမှားအယွင်း အနည်းငယ်မျှ မပါဝင်ချေ။ သူမအသံက ရှင်းလင်းကာ ကြည်လင်နေသည်။

ထိုအခိုက်တွင် ဂူလီရှန်က အတော် လန့်သွားသည်။

သူက အနည်းငယ် သံသယဝင်နေသဖြင့် စာအုပ်အနည်းငယ်ကို ဂျန်ဝုရှီရှေ့တွင် ချပေးပြီး ပြောသည် ဒီစာအုပ်တွေကို ဖတ်ကြည့်အုံး။

ဂျန်ဝုရှီက ဂူလီရှန်ကို တစ်ချက် ကြည့်၍ သူ့တောင်းဆိုချက်ကို လိုက်လျောကာ ထိုစာအုပ်များကို လှန်လှောကာ စေ့စပ်သေချာစွာ ဖတ်လေ၏။

ဂူလီရှန် အပြောကို မစောင့်တော့ဘဲ ဂျန်ဝုရှီက ထိုစာအုပ်များမှ စာပိုဒ်အနည်းငယ်ကို သူမကိုယ်တိုင် ကောက်နှုတ်၍ အလွတ်ဆိုပြသည်။

ထို့နောက်....

ဂူလီရှန်က ထိုစာအုပ်များကို ကောက်ယူ၍ စာအုပ်စင်တွင် ပြန်လည် သိမ်းဆည်းထားလိုက်သည်။

သူ ဒီစာအုပ်များကို မည်သူ့မျှ ပေးမဖတ်ရသေးတာကို ကျိန်ဆိုရဲသည်။

မည်မျှလောက် ကသိကအောက် ဖြစ်ရပါသနည်း။

အစကနေ စပြီး သည်စာအုပ်များကို သူ မှတ်မိဖို့ နှစ်ဝက်နီးပါး ကြိုးစားခဲ့ရသည်။ ပြီးစလွယ် ရွေးချယ်ခဲ့သည့် တပည့်က သူ့စာအုပ်စင်ပေါ်ရှိ စာအုပ်များကို အမွေးတိုင်တစ်တိုင်ထွန်းစာမကုန်ခင် အကုန် မှတ်မိသွားလိမ့်မည်ဟူ၍ သူ ဘယ်တုန်းကမှ မတွေးထင်ထားမိပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now