၇၄၇။ မျှော်လင့်မထားသည့် အရာ (၁)

334 40 0
                                    

၇၄၇။ မျှော်လင့်မထားသည့် အရာ (၁)

လေညင်းကျောင်းတော်က ကပ်ဘေးနှင့် ကြုံရပြီး အဆုံးသတ်မှာ ကပ်ဘေးကို ကျော်လွှားသွားနိုင်သော်လည်း ရှည်လျားသည့် ဖြစ်စဉ်ကြောင့် ကျောင်းသားများနှင့် ဆရာများကို ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့သည်။

နှစ်ဆုံး ကျောင်းပိတ်ရက်တွင် သူတို့ အိမ်ပြန်သွားချိန်မှာ ပြောမသွားကြသော်လည်း တစ်လပြီးသည့်နောက် တစ်ဝက်လောက်သာ ပြန်လာမည်ဆိုသည့် အချက်ကို ဖန်ဂျင် ရှင်းလင်းစွာ သိသည်။

ကျောင်းသားများက ကြောက်လန့်သဖြင့် ပြန်မလာတာကို နားလည်နိုင်သော်လည်း, ဆရာများသည်ပင် ကျောင်းတော်မှ ထွက်ခွာသွားကြလျှင်, လေညင်းကျောင်းတော်က ရှေ့ဆက် မည်သို့ ခရီးဆက်မည်နည်း။

သူ့ဖခင်က ကွယ်လွန်သွားလေပြီ။ ကြာရှည်လေးမြင့် အလုပ်လုပ်ခဲ့သည့် အဖွဲ့ဝင်နှစ်ယောက် ဖြစ်သည့် သူ့ဦးလေးများက သူတို့ကို သစ္စာဖောက်သွားခဲ့ကြသည်။ လေညင်းကျောင်းတော်က အရေးပေါ်ကာလသို့ ရောက်အံ့ဆဲဆဲ ဖြစ်နေသည်။ ဖန်ဂျင်က အိပ်မက်မှ နိုးထလာသလို ဖြစ်သွားသည်။ လက်ရှိ သူ့အတွက် ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများ အခက်အခဲများက ကြယ်များလို အတောမသတ်ပေ။

ဖြည်းဖြည်းချင်းစီပေါ့, အရာရာ အဆင်ပြေသွားမှာပါ၊ အနည်းဆုံးတော့, ငါတို့ အခု အသက်ရှင်နေသေးတယ် မဟုတ်လား ဖန်ဇိုက သူ့အကို၏ ပခုံးကို ပုတ်၍ နှစ်သိမ့်အားပေးသည်။

ဖန်ဂျင်က သူ့အား ခါးသီးစွာ ပြုံးပြ၍ ပြောသည် ဒါ အမှန်ပဲပေါ့၊ လေညင်းကျောင်းတော်ကို ဂုဏ်ရောင်ပြောင်အောင် ငါ ပြန်လုပ်နိုင်သရွေ့, လူတွေ အများကြီး လာလိမ့်မယ်လို့ ငါ ယုံတယ်၊ လေညင်းကျောင်းတော် နိမ့်ကျသွားဖို့ ငါ ခွင့်မပြုနိုင်ဘူး သူ အကြာကြီး နာကျင်ပင်ပန်းစွာ နေထိုင်လို့ မဖြစ်ပေ။ ငါ အချိန် ဖြုန်းနေလို့ မဖြစ်တော့ဘူး၊ ငါ့ခန္ဓာကိုယ်ကို ပြန်လည် ကျန်းမာ‌ရေးကောင်းပြီး တောင့်တင်းအောင် လုပ်ရမယ်၊ ‌နောက်နှစ် ကျင်းပမဲ့ ကျောင်းတော်တွေကြားက လိပ်ပြာတိုက်ပွဲကို အချိန်မီအောင် ပြင်ဆင်ရအုံးမယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now