၈၃၇။ စတုတ္ထမင်းသားလေး (၄)

192 32 0
                                    

၈၃၇။ စတုတ္ထမင်းသားလေး (၄)

ဒါက ဘာလဲဆိုတော့, ဝိညာဉ်စွမ်းအား ကျင့်နည်းကို ငါ သင်ယူလေ့လာစပဲ ရှိသေးတယ်၊ ငါ နားမလည်တဲ့ အပိုင်းတွေ အများကြီး ရှိနေတယ်၊ ဒါ့ကြောင့်.... မင်း ငါ့ကို တစ်ခုတန်သည် နှစ်ခုတန်သည် သင်ပေးနိုင်မလားလို့ ငါ သိချင်မိသား၊ ခမည်းတော်က ငါ့အတွက် သင့်တော်တဲ့ ပညာသင်ဘက်ကို ရှာမတွေ့နိုင်ဘူး ဖြစ်နေတယ်၊ ငါ့တော်ဝင်အကိုတော်က မင်းအကြောင်းကို ပြောပြတုန်းက ငါတို့ နှစ်ယောက်လုံး အသက်အတူတူပဲ ဆိုတာ သိလိုက်ရတယ်၊ မင်း စိတ်မရှိဘူးဆိုရင်, မင်း ငါ့ရဲ့ ပညာသင်ဘက် ဖြစ်လာနိုင်မလား လေ့ဖန်က ဂျန်ရှီကို အားတက်သရော ကြည့်လျက် မေးသည်။ ထို့နောက် သူ ဆက်ပြောသည်....

မစိုးရိမ်ပါနဲ့, မင်းက ငါ့ရဲ့ ပညာသင်ဘက် ဖြစ်လာပေမဲ့, မင်း လက်ခံရရှိမဲ့ အခွင့်အရေးက ဘယ်သူ့အောက်မှ နိမ့်ကျမှာ မဟုတ်ပါဘူး။

မင်းသားတစ်ယောက်၏ ပညာသင်ဘက်ကို နန်းတော်အရာရှိများ၏ သားများ ဝမ်းကွဲညီများကို အမြဲတမ်း ရွေးချယ်လေ့ ရှိသည်။ သာမန်လူများက ထိုကဲ့သို့သော် အခွင့်အရေးမျိုးကို ဘယ်တုန်းကမှ မရရှိခဲ့ကြဖူးပေ။ ပညာသင်ကြားဘက်မျှသာ ဖြစ်သော်လည်း ဘုရင့်မိသားစုထဲ ခြေချနိုင်ပြီမို့ အဆုံးမရှိသော ဥစ္စာဓနများကို ရရှိပြီး အနာဂတ်က တောက်ပ၍ လုံခြုံစိတ်ချရသည်။ စတုတ္ထမင်းသားလေးအတွက် ပညာသင်ဘက်ကို လျာထားခြင်းမရှိသေးသော်လည်း, စတုတ္ထမင်းသားလေးကို ဘုရင်ကြီးက အိမ်ရှေ့စံထက် ပိုမို ချစ်မြတ်နိုးသောကြောင့် လေ့ချန်၏ ပညာသင်ဘက် ဖြစ်လာနိုင်ဖို့ လူတိုင်းက ရေကုန်ရေခမ်း တိုက်ခိုက်ကြမည်သာ ဖြစ်သည်။ မည်သူမျှ အခွင့်အရေးကို လက်လွှတ်အဆုံးရှုံး ခံမည် မဟုတ်ပေ။

လေ့ဖန်၏ အသံက တိုးတိုးတိတ်တိတ် မဟုတ်ပေ။ သူ့စကားများကို တိုက်ပွဲကွင်းပြင်ရှိ တခြားလူငယ်များ ကြားကြရသည်။ ထို့ကြောင့် လူငယ်များ တုန်လှုပ်လျက် အံ့အားတသင့် ဖြစ်ကုန်သည်။

မင်းသားတစ်ပါး၏ ပညာသင်ဘက်ဆိုတာ အစစ်အမှန် ရာထူးဌာနန္တရ ဖြစ်သည်။ မင်းသားတစ်ပါး၏ အယုံကြည်ရဆုံး အစေခံဖြစ်လာသည့် သဘောပင်။ ထိုမင်းသား အရွယ်ရောက်လာသည်နှင့် ပြည့်စုံကုံလုံသော မင်းသားအဖြစ် အပ်နှင်းခံရသည်နှင့် တပြိုင်နက် ပညာသင်ဘက်၏ ရာထူးက သဘာဝအလျောက် မြင့်တက်သွားမှာ ဖြစ်ပြီး အမြင့်ဆုံး ရာထူးအထိ လွယ်လွယ်ကူကူ တက်လှမ်းနိုင်လိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now