၇၂၂။ ရှစ်ခုမြောက် ရိုက်ချက် (၃)

299 43 1
                                    

၇၂၂။ ရှစ်ခုမြောက် ရိုက်ချက် (၃)

နန်ဂုန်းစီ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူက ဂုယင်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ ဂုယင်က သူ့အား တောက်ပရွှန်းလဲစွာ ပြုံးလျက် ကြည့်နေသည်။

အများကြီး သိတဲ့ လူတွေက အကြာကြီး အသက်မရှည်တတ်ကြဘူး၊ ခင်ဗျား သဘောမတူဘူးလား, ဆရာကြီး နန်ဂုန်း ဂုယင်က သူ့အား ကြည့်လျက် နောက်ဆုံး ထွက်သက် ရှိုက်သွားသော နန်ဂုန်းစီကို ပြုံးလျက် မေးသည်။ ထို့နောက် ဂုယင်က သူ့ခေါင်းကို စောင်း၍ သွေးပေနေသော သူ့လက်ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက ကော့ပျံတက်သွားသည်။ သူ နင်ရူနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။

မိုးကောင်းကင်အဆုံး ချောက်နက်ကို သွားတဲ့ လမ်း သိတဲ့လူ လေညင်းကျောင်းတော်မှာ ရှိနေမယ်လို့ ကျုပ် မတွေးထားမိခဲ့ဘူး၊ ကိစ္စရပ်တွေက နှောင့်နှေး ကြန့်ကြာနေလို့ မရတော့ဘူးနဲ့ တူတယ်။

နင်ရူက ခေါင်းညိတ်လိုက်သည်။ နန်ဂုန်းစီက မိုးကောင်းကင်အဆုံး ချောက်နက်ကို သိသဖြင့် နင်ရူ အံ့အားသင့်သွားရသည်။ ၎င်းအကြောင်းကို မည်သူမျှ မသိစေရန် နင်ရူက တခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြန်ပြောသည် ချက်ချင်း ငါ ကြေညာလိုက်တော့မယ်၊ ကျောင်းတော်သား အားလုံး ခုချက်ချင်း ထွက်ခွာသွားဖို့ပေါ့။

ဂုယင် ခေါင်းညိတ်လိုက်သည်။ သူ့အဖြေကြောင့် သူ ကျေနပ်သွားသည်။

သူတို့ မကြာခင် ရောက်လာသင့်တယ်၊ ငါတို့ ထွက်မသွားခင် သူတို့ ရောက်အောင် လာသင့်ကြတယ်။

လေညင်းကျောင်းတော်သားများကို အသုံးချခြင်းသည် သူတို့ မိုးကောင်းကင်အဆုံး ချောက်နက်ကို ရှာဖွေနေသော လမ်းကြောင်းများမှ တစ်ခု အပါအဝင်သာ ဖြစ်သည်။ မရင့်ကျက်သေးသော ကလေးငယ်များ အုပ်စုဖြင့် အောက်ဘက် မြေပြင်အနေအထားကို တိကျသေချာစွာ ဖမ်းဆုပ်မိဖို့ မလုံလောက်မှန်း ဂုယင်က ရှင်းရှင်းလင်းလင်း သိထားသည်။ သူနှင့် အတူ သွားဖို့ လူများစွာကို သူ စီမံထားသည်။ သို့သော် ပထမဆုံး လမ်းကြောင်းကို ကင်းထောက်ရမည့် လူများက လေညင်းကျောင်းတော် သားများသာ ဖြစ်ကြသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ