၂၀၇။ "လောင်းကြေး - ၃"

1.1K 86 0
                                    

၂၀၇။ “လောင်းကြေး - ၃”

ကောင်းသတဲ့လား၊ ဂျန်ဝုရှီက သူ့ကိုယ်သူ တွေးကြည့်သည်။ သူမက မိုချင်းယွမ်အပေါ် ကောင်းတယ်လို့ မခံစားရပေ။

သူတို့က အချင်းချင်း ကိုယ်လိုချင်ရာအတွက် အသုံးချနေခြင်းမျှသာ ဖြစ်ကြသည်။

“ငါ ဒါလုပ်ရဲတာ နင် ဒီမှာ ရှိနေလို့ပဲ” ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ခေါင်းမော့ကြည့်သည်။ ဂျန်ဝုရှီမှာ သာမန်ထက်လွန်ကဲသည့် ဂျန်ဝုယောင်းသာ မရှိလျှင်, သူမက အရင်ဆုံး တိုက်ခိုက်ဖို့ အခွင့်အရေး ရရှိမှာ မဟုတ်ပေ။ သို့သော် ဂျန်ဝုယောင်းနှင့် ရင်ဆိုင်ရလျှင် ချင်းယန်ကလန်ဆိုတာ ဘာမှမဟုတ်တော့ပေ။ သူတို့က သူ့ကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ပေ။ သူမက အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။

အရာရာတိုင်းကို အပြည့်အဝ အသုံးချဖို့ သူမက ကိစ္စများကို စနစ်တကျ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဂျန်ဝုယောင်းက အံ့ဩသွားပြီး မျက်လုံးများက ပျော်ရွှင်ခြင်းများ ပြည့်နှက်သွားသည်။

ဂျန်ဝုရှီ၏ ပြောစကားက, ဘာမှ မတွေးဘဲ အငြိုးတကြီး လူသတ်တတ်သည့် သူ့ကို အလွန်ပင် ကျေနပ်သွားစေသည်။

“နင် လုပ်ချင်တာ, ငါ ဖြည့်ဆည်းပေးပါ့မယ်” ဂျန်ဝုယောင်းက ရယ်လျက် ပြောသည်။ သူက အရေးမပါသည့် ထိုပိုးကောင်များကို ရက်နည်းနည်းသာ အသက်ရှင်ခွင့်ပြုတော့မည် ဖြစ်သည်။

ဂျန်ဝုရှီက အတွေးများသွား၍ မျက်တောင် တဖျတ်ဖျတ် ခတ်နေမိသည် “တစ်ခါတရံ ဂျန်ဝုယောင်းက ဂျန်ရှင်းယန်ထက်တောင် ငါ့ကို အလိုလိုက်နေပါလား။”

“ဒီ ငါ့အကိုကြီးက တကယ်တော့လည်း မဆိုးပါဘူး။”

“နင့် ပါးစပ်ဖွင့်” ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။

ဂျန်ဝုယောင်းက တွန့်ဆုတ်မနေဘဲ ပါးစပ်ကျယ်ကျယ် ဖွင့်လိုက်သည်။ ခဏအကြာတွင် အနည်းငယ် ချိုသည့် သက်ဆောင့်ဆေးက သူ့ပါးစပ်ထဲ ဝင်ရောက်လာပြီး လည်ချောင်းမှ တဆင့် အောက်သို့ ဆင်းသွားသည်။ ချိုမြိန်သည့် ရနံ့က သူ့ပါးစပ်တွင် စွဲကျန်ရစ်ခဲ့ပြီး သူ့တစ်ကိုယ်လုံးသို့ နွေးထွေးမှုက ပျံ့နှံ့သွားသည်။ သူ့အကြောများက ထိုအနွေးဓာတ်မှ အာဟာရဓာတ်ကို စုပ်ယူသွားပြီး သူက ပေါ့ပါးခြင်း သက်သောင့်သက်သာဖြစ်ခြင်းကို ခံစားလိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now