၅၃၀။ ငှက်ကျားသိုက်ထဲမှာ ချိုးငှက်ကို ထောင်ဖမ်းခြင်း-၁

491 49 0
                                    

၅၃၀။ ငှက်ကျားသိုက်ထဲမှာ ချိုးငှက်ကို ထောင်ဖမ်းခြင်း-၁

ဘယ်လို, နင်ရှင်း အလည်လာသွားတယ်လား နောက်တစ်ရက် မွန်းလွဲပိုင်းတွင် ဖန်ဂျင်က ကပ်စားရန် ရောက်ရှိလာသည်။ နင်ရှင်း သူ့ဆီ အလည်လာသွားကြောင်းကို ဖန်ဇို့ထံမှ ကြားရလျှင် ဖန်ဂျင် လုံးဝ တုန်လှုပ်သွားသည်။

အမဲလိုက်ပွဲ မတိုင်ခင်က ဆိုလျှင်, နင်ရှင်း ဖန်ဇို့ထံ အလည်လာခြင်းကို ဖန်ဂျင် အပြည့်အဝ ကြင်ကြင်နာနာဖြင့် ကြိုဆိုမိလိမ့်မည်။ နည်းနည်းလေးပင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။ သို့သော် အရာအားလုံး ဖြစ်ပျက်ပြီးနောက် ဖန်ဂျင်၏ နှလုံးသားက နင်ရှင်းကို ယုံကြည်မှု လုံးလုံး မရှိတော့ပေ။

နန်ဂုန်းစီ ကျောင်းတော်သို့ ပြန်လာချိန်မှာ သူသိသမျှ အရာအားလုံးကို ဖန်ချီအား တင်ပြခဲ့သည်။ သို့သော် သူ့အသက်ကို လုပ်ကြံတာကိုတော့ ဖန်ဂျင် ဖုံးကွယ်ထားခဲ့သည်။

တခြားအကြောင်းကြောင့်တော့ မဟုတ်ပေ။ တကယ်တော့ ၎င်းအဖြစ်အပျက်ကို သူ့ဖခင်အား ပြန်ပြောပြလျှင် နင်ရှင်းနှင့် လုံးဝ အဆက်အဆံ ပြတ်တောက်သွားမည် ဖြစ်သည်။ သူတို့က တကယ်တော့ အတူတူ ကြီးပြင်းလာခဲ့သည်မဟုတ်လော။ ထို့ကြောင့် ဖန်ဂျင်က ဒီတစ်ကြိမ်လောက် နင်ရှင်းအား သည်းခံပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အင်း... ရှင်းလေးက ငါ့အကြိုက် ကောက်ညှင်းမုန့်တောင် ယူလာခဲ့သေးတယ်။ ဖန်ဇိုက ရယ်လျက် ပြောသည်။

ဖန်ဂျင်၏ အမူအရာက အလွန် လေးနက်သွားသည်။ ရှီလေး... ဇိုလေးရဲ့ လတ်တလော ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ သူ့အသက်အား လုပ်ကြံတာကို သတိရသွားသဖြင့် သူက ဖန်ဇို့အတွက် စိုးရိမ်သွားသည်။

ဂျန်ဝုရှီက ဖန်ဂျင်ကို ဖျတ်ခနဲ ကြည့်သည်။ သူမက လော့မဲ့မဲ့နှင့် ကြောင်နက်လေး နှစ်ကောင်စလုံးကို ပွေ့ချီထားသည်။ သူမက နူးညံ့စွာ ပြောသည် ကောင်းပါတယ်။

ဖန်ဂျင် သက်ပြင်းအေး ချမိသည်။

အကိုကြီး... လိပ်ပြာတောအုပ်မှာ မင်းတို့ကောင်တွေ ထူးထူးဆန်းဆန်းတွေနဲ့ တွေ့ကြုံခဲ့သလား ဖန်ဇိုက အပြုံးဖြင့် မေးသည်။ သူ့မျက်လုံးများက ဂျန်ဝုရှီ လက်ထဲမှာ ရှိသော အမွှေးပွ နှစ်ကောင်အပေါ် ရောက်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now