၆၈၅။ တုန်လှုပ်ဖွယ် အပြောင်းအလဲ

339 35 0
                                    

၆၈၅။ တုန်လှုပ်ဖွယ် အပြောင်းအလဲ

ဂျန်ဝုရှီ, ဖန်ဇိုနှင့် ယဲ့ရှက ချန်လင်းမြို့တွင် ကျန်ရစ်ခဲ့ကြသည်။ ရှည်လျားသော အပြန်ခရီးကြောင့် ပင်ပန်းခြင်းက သူတို့အား များစွာ သက်ရောက်မှု မရှိပေ။ သို့သော် ချည့်နဲ့ အားနည်းသော လော့မဲ့မဲ့သို့ကား သက်ရောက်မှု ရှိသည်။ ၎င်းခရီးက သူ့အား နှိပ်စက်ခြင်းပင် ဖြစ်သည်။ လေညင်းကျောင်းတော်သို့ ဆက်လက်၍ သူမ အတင်းတွန်း၍ ပြန်သွားခဲ့လျှင်, လော့မဲ့မဲ့ကို အပြည့်အဝ ပြန်လည်ကောင်းမွန်သည်အထိ အောင်မြင်စွာ ကုသပေးနိုင်မလားဆိုတာ ဂျန်ဝုရှီသည်ပင် မရေရာ မသေချာပေ။

ငါ ဆေးဆိုင်သွားပြီး နင်တောင်းဆိုတဲ့ ဆေးတွေ ဝယ်ယူလာခဲ့တယ်၊ ဒါတွေ ဒီမှာ ထားခဲ့မယ်နော် ဖန်ဇိုက ဆေးအိတ်ကြီးကို ဂျန်ဝုရှီ၏ အခန်းတွင် စားပွဲပေါ်မှာ တင်ထားလိုက်သည်။ ချန်လင်းလေလံအိမ်တော်၏ ရှားပါး၍ တန်ဖိုးကြီးသော ဆေးဖက်ဝင်များအပြင်, သာမန်ဆေးဖက်ဝင်များကိုလည်း ဂျန်ဝုရှီ လိုအပ်သည်။

ဂျန်ဝုရှီက လော့မဲ့မဲ့အတွက် ဆေးဖက်ဝင် ချိုးရေကို ပြင်ဆင်နေရင်း ခေါင်းညိတ်ပြသည်။ လော့မဲ့မဲ့၏ တစ်ကိုယ်လုံးက မီးလောင်ဒဏ်ရာများ ပွထနေသဖြင့် ရိုးရိုးလိမ်းဆေးဖြင့် ကုသခြင်းက လုံလောက်မည် မဟုတ်ပေ။ ဂျန်ဝုရှီက ရိုးရိုး သစ်သားစည်ပိုင်းလေး တစ်လုံး ဝယ်ယူ၍ ဆေးဖက်ဝင်အမျိုးမျိုးဖြင့် ရောစပ်လျက် ဝေဒနာသက်သာစေသော ချိုးရေကို ဖန်တီးနေသည်။ ၎င်းချိုးရေတွင် လော့မဲ့မဲ့၏ တစ်ကိုယ်လုံးကို စိမ်ထုံထားရမည် ဖြစ်သည်။

လော့မဲ့မဲ့ အပြည့်အဝ ပြန်ကောင်းလာမှာလား ဖန်ဇိုက စိုးရိမ်ပူပန်စွာ မေးသည်။ ဂျန်ဝုရှီက လော့မဲ့မဲ့ကို ပွေ့ချီ၍ ဆေးချိုးရေမှာ ထည့်လိုက်သည်။

ပြန်ကောင်းလိမ့်မယ် ဂျန်ဝုရှီက ပြတ်သားစွာ ပြန်ပြောသည်။

ဖန်ဇိုက ဂျန်ဝုရှီ၏ အလုပ်မှာ မနှောင့်ယှက်ချင်၍ ထွက်ခွာရန် ဟန်ပြင်စဉ်, ယဲ့ရှက တံခါးဝမှာ ပေါ်လာသည်။ ဖန်ဇိုကို သူ မြင်လျှင်, သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ ခဏတဖြုတ် မျက်နှာအမူအရာ ထူးထူးခြားခြား ဖြစ်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now