၄၄၀။ "အံ့ဖွယ် လူသတ်သမား - ၂"

469 40 4
                                    

၄၄၀။ အံ့ဖွယ် လူသတ်သမား - ၂

မင်း ဘာကို ဆိုလိုတာလဲ ဖန်ဇို၏ အမူအရာလည်း လေးနက်တည်ကြည်လာသည်။

နင့်ခန္ဓာကိုယ်က အင်မတန် အားနည်းချိနဲ့တဲ့ အနေအထားမှာ ရှိတယ်၊ ဒီအားနည်းချိနဲ့မှုက ပြင်းပြင်းထန်ထန် အတက်အကျဖြစ်ခြင်းနဲ့ တုံ့ပြန်မှုဖြစ်ခြင်းရဲ့ အကြောင်းရင်း မဟုတ်ဘူး၊ ဒါပေမဲ့ နင့်ခန္ဓာကိုယ်မှာ မူမမှန်တာတွေ ဖြစ်ခဲ့တယ်၊ ဒါက ဘာကို ပြောနေတာလဲဆိုရင် တစ်စုံတစ်ယောက်က နင် ကျန်းမာရေး မကောင်းတာကို ရမယ်ရှာပြီး နင့်ကို မေ့လဲကျအောင် လုပ်နေတာ၊ ဒီလိုလုပ်တော့ သံသယဝင်စရာ ဘာမှ မတွေ့ရတော့ဘူးပေါ့။ ဂျန်ဝုရှီက မေးစေ့ကို ကိုင်လျက် တွေးတွေးဆဆဖြင့် ရှင်းပြသည်။ ဖန်ဇို၏ ခန္ဓာကိုယ်မှာ ဘာ့ကြောင့် အဆိပ်လက္ခဏာ တစိုးတစိမျှ မထောက်လှမ်းနိုင်ရလဲဆိုတာကို နောက်ဆုံးတွင် သူမ နားလည်သွားသည်။

လက်သည်က စကတည်းကပင် အဆိပ်ကို အသုံးမပြုခဲ့ပေ။ ထိုအစား လိမ်မာပါးနပ်စွာ တခြားနည်းလမ်းကို အသုံးပြုခဲ့သည်။

ဖန်ဇိုက ငယ်စဉ်ကတည်းက မနာမကျန်း ဖြစ်ခဲ့တယ်၊ သူ့ရဲ့ အတွင်းအင်္ဂါတွေ အကုန်လုံးက ပုံမှန်လူတွေထက် ပိုပြီး အားနည်းနေကြတယ်၊ ဒီတော့ သူ့ခန္ဓာကိုယ် ကာကွယ်ဖို့, အားဖြည့်ဖို့ သူ့ကို အားဆေး ပေးချင်တယ်ဆိုရင်, သက်ရောက်မှု အားနည်းတဲ့ အားဆေးတွေကိုသာ ပေးရမယ်၊ ဒါပေမဲ့ ဖန်ဇိုကို အားပြင်းတဲ့ အားဆေးတွေ ပေးလိုက်မယ်ဆိုရင်, ပြင်းထန်တဲ့ တုံ့ပြန်မှုကို သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ အဲသလို ပြင်းထန်တဲ့ တုံ့ပြန်မှုကပဲ သူ့ကို လဲပြိုကျစေတော့တာပဲ၊ အဲလို လဲပြိုကျစေဖို့ ဆုတောင်းစရာလည်း မလိုဘူး၊ တခြား အားစိုက်စရာလည်း မလိုဘူး။ ပြဿနာဖန်တီးသူ၏ ဉာဏ်နီဉာဏ်နက်ကို တွေ့မြင်လိုက်ရသဖြင့် ဂျန်ဝုရှီ၏ မျက်လုံးများ အေးစက်မာကျောသွားသည်။

သာမန်လို အဆိပ်ခတ်မည်ဆိုပါက သတိထားကာ အသုံးပြုရမည် ဖြစ်သည်။ ထောက်လှမ်းစုံစမ်းလို့လည်း လွယ်ကူမည် ဖြစ်သည်။ သို့သော် အားဖြည့်ဆေးကို ဒီလိုနည်းလမ်းအတိုင်း အသုံးပြုလိုက်ပါက, ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ တွေ့မြင်ရမည် မဟုတ်တော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now