၇၃၅။ ရှစ်ခုမြောက် ရိုက်ချက် (၁၆)

313 39 0
                                    

၇၃၅။ ရှစ်ခုမြောက် ရိုက်ချက် (၁၆)

ဂျန်ဝုရှီက ဂုယင်ကို တည်ငြိမ်စွာ ကြည့်၍ နူးညံ့စွာ ပြောသည် နင် လုပ်ချင်ရင်တောင်, နင့်မှာ အဲသလို စွမ်းရည်မျိုး ရှိသလားဆိုတာ အရင်ဆုံး ကြည့်ရအုံးမယ်။

ဂုယင်၏ မျက်လုံးများ မာကျောခက်ထန်သွားပြီး ရုတ်ရက် ဂျန်ဝုရှီထံ ပြေးသွား၍ တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ရှက ဂုယင်နှင့် အတူတူ ခုန်ဝင်လာသည်။ တစ်ခဏအတွင်းမှာပင် ပုံရိပ်နှစ်ခု ပူးကပ်သွားသည်။ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကြောင့် တဝုန်းဝုန်း စွမ်းအင်လှိုင်းလုံးများ လွင့်ပျံထွက်ကုန်သည်။

ဂျန်ဝုရှီက တိုက်ပွဲရလဒ်ကို သိနေသည့် အလား အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။ သူမမျက်နှာမှာ မည်သည့် အမူအရာမျှ ရှိမနေပေ။ အနိုင်ပွဲက သူတို့အတွက်သာ ဖြစ်မည်ဟူ၍ လုံးလုံး ယုံကြည် စိတ်ချထားသည်။

တစ်ဖက်မှာတော့ နင်ရူက ငြိမ်သက်အေးချမ်းခြင်း မရှိတော့ပေ။ ဂုယင်က ယဲ့ရှအား အနိုင်မယူနိုင်တာကို တွေ့မြင်ရသဖြင့် ဖန်ညီအကိုအား သတ်ဖြတ်ခြင်းက သူ့အတွက် ပိုမို၍ မဖြစ်နိုင်တော့မှန်း သိလာ၍ သူ့နှလုံးက လည်ချောင်းဝမှာ တစ်ဆို့ဆို့ ဖြစ်လာသည်။

ကျောင်းအုပ်ကြီး... အခု... ဘာ... ဘာ လုပ်ကြမလဲ ဂုန်ချန်းလီက သူ့ခြေထောက်များ အားနည်းချိနဲ့တာကို ခံစားရပြီး ကြောက်လန့်လို့ လာသည်။ သူက ဂုယင်ကိုလည်း ကြောက်သည်။ သို့သော် အနည်းဆုံးတော့ ဂုယင် အနိုင်ရလျှင်, သူ အသက်ရှင်နိုင်မည် ဖြစ်သည်။ သို့သော် ဂုယင်သာ ရှုံးနိမ့်သွားခဲ့လျှင်... ဂုန်ချန်းလီ ဆက်လက် မတွေးတောရဲတော့ပေ။

နင်ရူက အစောပိုင်း မခံချိမခံသာဖြစ်အောင် ‌ပြောဆိုခြင်းက ဂုယင်က သူ့စွမ်းအားဖြင့် ထိန်းချုပ်နိုင်မည်ဟူ၍ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် အရာရာကို ဖွင့်ဟ ဝန်ခံခြင်းလည်း ဖြစ်သည်။ သို့သော် အခု ထိန်းချုပ်မှုက မရေရာ မသေချာတော့ပေ။ သူတို့အား မည်သည့်သော အဖြစ်များ ဖြစ်ပျက်လာလိမ့်မည်နည်း။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now