၄၉၃။ "ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၄"

483 49 0
                                    

၄၉၃။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၄

ဆေးပုလင်းများမှာ ခန္ဓာကိုယ်အပြင်ဘက် လိမ်းရန်ဆေးများ, သောက်သုံးရန် ဆေးများ ပါဝင်သည်။ ရောင်းဟန်တို့ တပည့်အုပ်စုက လောင်ချီ၏ အမိန့်ဖြင့် ရူလင်းစစ်သားများကို ဆေးများ လိမ်းပေး, တိုက်ပေးရန် အမြန် လှုပ်ရှားလာသည်။ သူတို့နှလုံးသားများကတော့ ကြောက်လန့်လွန်းသဖြင့် တဒိန်းဒိန်း ဖြစ်နေကြသည်။

ရောင်းဟန်က စကားတစ်ခွန်းမျှပင် မပြောနိုင်ပေ။ သူက ကြောက်လန့်တကြား ဖြစ်နေတာကို ဖုံးကွယ်မထားပေ။ သို့သော် သူက သူမြင်သမျှ တစ်ချက်လေးမျှ လွတ်ကင်းမသွားခဲ့ပေ။

တခြား တိမ်လှေခါးတောင်ထွတ် တပည့်နှစ်ယောက်က သတိမပြုမိသော်လည်း သူက ရှင်းရှင်းလင်းလင်း မြင်ရသည်။ အနက်ရောင်သားရဲကြီး စီးထားသော ထိုလူငယ်က ချင်းယန်ကလန်မှာ သူ တွေ့ခဲ့သော ဂျန်ရှီနှင့် အတူတူပင် မဟုတ်လော။

ချင်းယန်ကလန် အမြစ်ပြတ် ချေမှုန်းခံရတုန်းက မုချန်က တိမ်လှေခါးတောင်ထွတ် တပည့်များအားလုံးကို ခေါ်ယူ၍ ထွက်သွားသည်။ ရောင်းဟန်တို့ တပည့်များအုပ်စုက မုချန်အား အလွန်လေးစားကာ လုံးဝဥဿုံ ယုံကြည်သဖြင့် တစ်ကြိမ်လေးပင် မေးခွန်းမထုတ်ခဲ့ကြပေ။ သူတို့ သိတာက ထိုနေ့မှာ ချင်းယန်ကလန်တွင် ကြောက်လန့်ဖွယ်ရာ အရေးအခင်း ဖြစ်ခဲ့ပြီး တိမ်လှေခါးတောင်ထွတ် တပည့်များမှ တပါး တခြားတောင်ထွတ်ရှိ တပည့်များအားလုံး အသတ်ခံလိုက်ရသည်ဟူ၍ ဖြစ်သည်။

ထို့နောက် ရောင်းဟန်က ဂျန်ရှီကို နေရာစုံ လိုက်ရှာခဲ့သည်။ မျက်နှာ အေးစက်စက်နိုင်သော်လည်း နွေးထွေးသော နှလုံးသားပိုင်ရှင် ကောင်လေး ဘေးမကင်းမှာကို စိုးရိမ်ကြောင့်ကြမိလို့ ဖြစ်သည်။ ၎င်းကောင်လေးက သူ့အခြေအနေကို တိုးတက်အောင် ဆေးလုံး ပေးသွားခဲ့သည်။ ကံကောင်းထောက်မသဖြင့် သူက တောင်ထူတောင်ထွတ်တွင် ဂျန်ရှီ၏ ခန္ဓာကိုယ်ကို မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။ ရှာမတွေ့သော်လည်း သူက စိတ်ထဲ နှစ်နှစ်ကာကာ ဆုတောင်းပေးသည်။ မည်သည့်အန္တရာယ်မျှ မကျရောက်သည့် နေရာတွင် ပုန်းမိပါစေလို့ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ