Vol 4🐉18🐉ဆေးရုံက ဆင်းပြီ

Start from the beginning
                                    

ဒီကိစ္စပြီးသွားတော့ ဦးလေးသုံး ခိုင်းထားတဲ့လူ ပြန်ရောက်လာပေမယ့် ဘာမှ မဝယ်လာနိုင်ခဲ့ပေ။ ဈေးကလည်း ပိတ်သွား​ပြီဆိုတော့ မနက်ဖြန်မှ အဖြေဆက်ရှာဖို့ပဲ စဉ်းစားရတော့မည်။

ဦးလေးသုံးနဲ့ စကားမပြောရတာ နည်းနည်း ကြာသွားတော့ ရင်ဘတ်ထဲက ထုံးဖွဲ့မှုမှာလည်း သက်သာရာ ရသွားပါသည်။ ညနေပိုင်းတွင် ဝူရှဲ့သည် ဦးလေးသုံးနှင့်အတူ တိတ်တိတ်က​လေး အပြင်ထွက်လာကာ ထမင်းဆိုင် တစ်ဆိုင်၌ အသောက်အစား ကောင်းကောင်းဖြင့် ဗိုက်ဖြည့်ခံ့ကြသည်။

ဖျားနေတဲ့ အစားအစာတွေကို အချိန်အတော်ကြာ မစားသောက်ခဲ့ရရာ နောက်ဆုံးတော့ အရသာရှိတဲ့ အစားအစာကို စားနေရပြီမို့ ဦးလေးသုံးကတော့ အရမ်းကို ပျော်နေသည်။ ဆေးလိပ်​လေးလည်း သောက်ပြီးနောက် နောက်ဆုံးတော့ သက်တောင့်သက်သာ ခံစားလာရပုံပါပဲ။

ပြန်လာတဲ့အခါ ဆေးရုံဆင်းရမယ့် လုပ်ငန်းစဉ်တွေကို အမြန် လတ်စဖြတ်ကာ ဆေးရုံမှာ ဘယ်တော့မှ ဆက်မနေတော့ဘူးလို့ ပြောပြီး သူ့အတွက် ဟိုတယ်အခန်းကို ကြိုတင်စာရင်းပေးခိုင်းလေသည်။

ဝူရှဲ့လည်း နည်းနည်းမူးလာရာ ဟိုတယ်ကိုပြန်လာပြီး ရေချိုးလိုက်သည်။ ထို့နောက် ဦးလေးသုံးအတွက် အစုံလိုက်ကြိုပြီး လက်ဖက်ရည်ကြမ်း တစ်ခွက်လုပ်ကာ အိပ်ယာဝင်ဖို့ ပြင်လိုက်၏။

ဒါပေမဲ့ ရေချိုးပြီးနောက် အိပ်မပျော်နိုင်တော့တဲ့အတွက် ကွန်ပျူတာကို ဖွင့်ပြီး ရှီးရှားဆီကို ခရီးမထွက်ခင် ဦးလေးသုံးတို့ ရိုက်ထားတဲ့ ဓာတ်ပုံဟောင်းကို ဆွဲယူလိုက်သည်။

ဒီဓာတ်ပုံကို အကြိမ်ပေါင်းများစွာ မြင်ဖူးပေမယ့် အဖြူအမည်း ဓာတ်ပုံထဲမှာ ရင်းနှီးပြီးသား လူအနည်းငယ်ကလွဲရင် တခြားသူတွေက ရှင်းရှင်းလင်းလင်း ခွဲခြားရခက်ပြီး ဦးလေးသုံးကလည်း ဒီလူတွေမှာ ဘယ်သူက ဘယ်သူလဲဆိုတာ မပြောပြခဲ့ပေ။ ဓာတ်ပုံထဲတွင် ဦးလေးသုံးက ပိန်ပိန်ပါးပါးနှင့် ဖြစ်ကာ ဒေသခံ ဆရာသခင်တစ်ဦး ဖြစ်ကြောင်း အရိပ်အယောင်မျိုး မတွေ့ရပေ။

မျက်နှာသေကတော့ သာမန်ကျောင်းသား တစ်ယောက်ကဲ့သို့ပင်။ သို့သော်လည်း ဝူရှဲ့သည် ရှဲ့လျန်းဟွမ် အကြောင်း ပိုမိုသိရှိရန် ကြိုးစားခဲ့ပြီး ဦးလေးသုံးနှင့် ခပ်ဆင်ဆင်တူသော လူတစ်ဦးကို တွေ့ခဲ့သည်။ ထိုသူဟုတ်မဟုတ်တော့ မသေချာချေ။ ဤသာမန်ဓာတ်ပုံ အောက်တွင် ဝှက်ထားသော အရာများက သက်ပြင်းမချနိုင်လောက်အောင် များပြားလှလိမ့်မယ်လို့ ဘယ်သူက ထင်ပါလိမ့်မလဲ။ 

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now