၈၅၂။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၈)

Start from the beginning
                                    

နန်းတွင်းသမားတော်ကြီး လီ ထုတ်ဖော်ပြောကြားပြီးသည်နှင့် တခြားသမားတော်များလည်း သမားတော်ကြီး လီနှင့် သဘောထားချင်း အတူတူဖြစ်ကြောင်း ပြသကြသည်။ ဂျန်ဝုရှီ၏ နှလုံးပေါင်းစည်းဆေးလုံးမှာ မသင့်လျော်သည့် အရာ တစ်ခုတလေကိုပင် မတွေ့ရသော်လည်း, ဒီလို သာမန်ဆေးမျိုးဖြင့်, ချူလင်းယွဲ့၏ လက်ရှိ အခြေအနေမှာ သုံးစွဲလျှင်, လုံးဝဥဿုံ မလုံလောက်ဟူ၍သာ ယူဆရလိမ့်မည်။ ရေတစ်ခွက်မျှဖြင့် မီးလောင်နေသော သစ်သားလှည်းကို ပက်ဖျန်းသလို မည်သည့် ရလဒ်မျှ တိုးတက်လာမည် မဟုတ်ပေ။

ကျမ မေးပါရစေ, မမလေးချူကို ဒီဆေးတိုက်လိုက်မယ်ဆိုရင်, သူမဒဏ်ရာတွေက ပိုဆိုးသွားနိုင်မလား ဂျန်ဝုရှီက နန်းတွင်းသမားတော်ကြီး လီ၏ အထင်သေးခြင်းကို လုံးလုံးလျစ်လျူရှူထားလိုက်သည်။

သမား‌တော်များ အားလုံး တပြိုင်နက် ခေါင်းခါပြကြသည်။

နှလုံးပေါင်းစည်းဆေးက မမလေးချူရဲ့ ဒဏ်ရာကို ဆိုးရွားမသွားစေပေမဲ့.... အကျိုးသက်ရောက်မှုလည်း မယ်မယ်ရရ ရှိလာမှာ မဟုတ်ဘူး၊ ဒီဆေးက သူမက သောက်ထားတဲ့ ဆေးဖက်ဝင်တွေနဲ့ ပေါင်းစပ်သွားရုံလောက်ပဲ ဖြစ်နိုင်လိမ့်မယ် ခေါင်းမွှေးဖြူနေသော သမားအိုကြီးက ပြောသည်။

ဂျန်ဝုရှီက ကျေနပ်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။

ဒီ‌ဆေးက ထိခိုက်မှု မရှိစေဘူး၊ ဒါပေမဲ့လည်း အကျိုးနည်းနည်းလေးတော့ ရှိသေးတာပေါ့၊ ဒါဆို ဘာ့ကြောင့် ကျမတို့ မကြိုးစားကြည့်ရမှာလဲ၊ မကြိုးစားကြည့်ဘဲနဲ့တော့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ကျမတို့ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။

ဒါ.... ခေါင်းမွှေးဖြူနေသော သမားတော်အိုကြီး ရပ်တန့်သွားပြီး နန်းတွင်းသမားတော်ကြီး လီကို ကြည့်လိုက်သည်။

နန်းတွင်းသမားတော်ကြီး လီက သမားတော်များထံမှ နှလုံးပေါင်းစည်းဆေးကို ပြန်ယူပြီး ဂျန်ဝုရှီထံ ပြန်ပစ်ပေးလိုက်သည်။ လူငယ်တွေက ကိုယ့်အတွေးနဲ့ ကိုယ် ဟုတ်လှပြီလို့ ထင်မှတ်နေကြတယ်၊ ဒါပေမဲ့ အဲအတွေးက တကယ့်အဖြစ်မှန်နဲ့ အလွန် ဝေးကွာတယ်ဆိုတာ သိလိုက်ချိန်မှာ, စိတ်ကူးယဉ်ဆန်တယ်ဆိုတာ သိသွားကြလိမ့်မယ်၊ နှလုံးပေါင်းစည်းဆေးက မမလေးချူရဲ့ ဒဏ်ရာအတွက် အကျိုးသက်ရောက်မှု နည်းနည်းလေးပဲ ရှိတယ်၊ ရေတစ်ခွက်လောက်နဲ့ မီးလှည်းကြီးကို ပက်လိုက်သလောက်ပဲ ဖြစ်လိမ့်မယ်။

ရှင်ပြောသလို ရေတစ်ခွက်နဲ့ မီးလှည်းကြီးကို ပက်တာနဲ့ တူတယ်ပဲ ထားလိုက်ပါတော့၊ တကယ် သေချာဖို့ ကျမတို့ ကြိုးစားကြည့်ရမှာပဲလေ။ ဂျန်ဝုရှီ၏ မျက်လုံးများက အေးစက်စက် ရယ်မောခြင်းဖြင့် လက်ခနဲ ဖြစ်သွားသည်။ သူမက နန်းတွင်းသမားတော်ကြီး လီနှင့် အချိန်မဖြုန်းလိုတော့သဖြင့် ဂျန်းယင်းလောင်ကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။

ဆရာ ဂျန်းလည်း သမား‌တော်တွေ ပြောတဲ့ စကားကို ရှင်းရှင်းလင်းလင်း ကြားမိမှာပါ၊ ကြိုးစားကြည့်မလား ဘာလားဆိုတာ ဆရာ ဂျန်းရဲ့ ရွေးချယ်မှုပါဘဲ။

နှလုံးပေါင်းစည်းဆေးက မမလေးချူရဲ့ လက်ရှိ အခြေအနေကို နည်းနည်းလေးတော့ အကျိုးသက်ရောက်တယ်ဆိုကတည်းက, သူမရဲ့ ချီသွေးတွေကို အားပေးရုံလောက်ပဲ ရှိစေဦးတော့, ဒါလည်း အကျိုးသက်ရောက်မှုပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ကျုပ်ရဲ့ ရပ်တည်ချက်ကို ကြိုတင်ပြီး ပြောထားပါ့မယ်၊ မမလေး ဂျန်က နှလုံးပေါင်းစည်းဆေးကို မရမက တိုက်ကြွေးချင်နေတယ်၊ ချူလင်းယွဲ့ရဲ့ ဒဏ်ရာကို ကုသနိုင်တယ်လို့လည်း ဆိုထားတယ်၊ ဒီတော့ အရှင့်သားမျက်နှာကို ထောက်ထားပြီး မမလေး ဂျန်ကို တစ်ခါလောက်တော့ ကြိုးစားခွင့် ပေးပါ့မယ်၊ ဒါပေမဲ့ နှလုံးပေါင်းစည်းဆေး သောက်သုံးပြီးနောက် ချူလင်းယွဲ့မှာ တိုးတက်လာတာ ဘာမှ ဖြစ်မလာဘူးဆိုရင်, အရှင့်သားနဲ့ မမလေး ဂျန်ကို ချူလင်းယွဲ့ရဲ့ ကုသရေးကိစ္စမှာ နောက်နောင် မပါဝင် မပတ်သက်ဖို့ ကျုပ် တောင်းဆိုရပါလိမ့်မယ်။

Genius Doctor: Black Belly Miss by North Night

Translator: Han Thar Nyein

ပါရမီရှင်သမားတော်(၂)Where stories live. Discover now