စာစဉ် ၃၅

137 10 0
                                    


Chapter 35

    Li Bingrui ကဆိုင်အပြင်ကနေဝင်လာတယ် Li Suran ကအိတ်ကိုကြည့်မနေတာတွေ့တော့အသံတိုးတိုးလေးနဲ့ပြန်မေးလိုက်တယ်

    အဲ့နေ့ကစလို့ Jian Yi'an ကခံစားချက်အဆန်းတစ်ခုကိုခံစားမိတယ်။ အိမ်ကိုပြန်ရောက်တော့ သူ့ရဲ့အောင်သွယ်တော်ညီမကိုဒိတ်တစ်ခုလုပ်ပေးဖို့ပြောတယ်။ အဲ့တာကတော့သူ့ထက်ငါးနှစ်ငယ်တဲ့ အမြဲဖျတ်ဖျတ်လတ်လတ်တက်တက်ကြွကြွနေတတ်တဲ့ Li Suran။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လှလည်းလှတယ်။ မကောင်းတာ‌တစ်ခုကတော့ တစ်ခုခုဆိုအလွန်စွက်ဖက်ချင်တာပါပဲ။

    ဘာပဲဖြစ်ဖြစ်ဒီနှစ်ယောက်ကတော့ လူသုံးယောက်နဲ့ဒိတ်သွားပြီးပြီ။ လမ်းကိုသုံးဘီးစက်ဘီးနဲ့ကူးဖို့လုပ်နေတုန်းလမ်းဘေးကကြွေအိုးပေါ်ပြုတ်ကျပြီးဈေးကြီးပေးဝယ်ရတဲ့ကားကိုခြစ်မိသွားပြီးတာဝန်ယူလိုက်ရတဲ့မိန်းမအိုကြီးဖြစ်နေပါစေ။ တစ်ချို့က‌ကောင်းပေမယ့်လို့စိတ်အ‌နှောက်အရှက်ဖြစ်စရာတစ်ချို့လည်းရှိတာပဲ။

    Li Suran ကိုကျော်ကြည့်လိုက်တော့ ကောင်တာရှေ့မှာရပ်နေတဲ့ An Ran ကိုတွေ့လိုက်ရတယ်။ သူ့မျက်လုံးကိုမှေးလိုက်ပြီးတော့တွေးလိုက်တယ် "ဘယ်လိုလုပ်ပြီး An Ran ကဒီရောက်နေတာလဲ?"

    Li Suran ကိုကျော်သွားပြီးဘေးကိုပတ်ကြည့်လိုက်တယ်။ ဒါပေမယ့်ရှိုးပွဲရိုက်‌နေတဲ့ဝန်ထမ်းတစ်ယောက်မှမတွေ့ဘူး။ ပြီးတော့ Jian Yi'an… လည်းအဲ့မှာမရှိဘူး။ An Ran ‌အရှေ့ကိုဆောင့်ကြောင့်ထိုင်လိုက်ပြီး "An Ran ဒီကိုဘာလို့တစ်ယောက်တည်းလာတာလဲ? မင်းအမေကဘယ်ရောက်သွားတာလဲ?" "

    ဒေါက်တာ Li ကသူ့ကိုသိတာလား?" Li Suran ကမျက်လုံးပြူးပြီး အပန်းရောင်နဲ့ကျောက်စိမ်းရောင်ထွင်းထားတဲ့ကောင်လေးကိုကြည့်ပြီးမေးလိုက်တယ်

    Li Bingrui ခေါင်းငြိမ့်၊ မတ်ရပ်ထရပ်ပြီး၊  An Ran ရဲ့ပခုံးကိုသူ့လက်နဲ့ဖက်လိုက်ပြီး Li Suran ကိုပြောလိုက်တယ် "နင်ငါ့ကိုဒီမှာစောင့်။ ငါသူ့အမေကိုရှာပေးလိုက်ဦးမယ်။"

    မလိုလားစိတ်နဲ့ပြည့်နေတဲ့‌မျက်နှာနဲ့ "ငါ့ကိုမထိနဲ့" သူကဒီဦးလေးကြီးကိုသိပ်ကြိုက်ပုံမပေါ်ဘူး။ ဦးလေးကြီးကသူ့အမေကိုကြည့်နေတဲ့ပုံကိုကြည့်ရတာကိုသူမကြိုက်ဘူး။

Two Mom [ Rebirth ]Waar verhalen tot leven komen. Ontdek het nu