အခန်း ၆၆

785 105 3
                                    

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Lilac M
အခန်း (၆၆)

"ကျန်းယီ" လန့်သွားသည်။ "စုအန်းရန်" ဒီလောက်ထိအရေထူမှန်းမသိခဲ့။ သူမ အံ့အားသင့်ပြီး မြေကြီးပေါ် လဲကျလုနီးနီးဖြစ်သွားသည်။ ခန္ဓာကိုယ်ကို ဟန်ချက်မပျက်အောင် ထိန်းလိုက်တဲ့အခါ သူမလက်တွေကို သူ အမိအရဆွဲကိုင်လိုက်သည်။

သူ တက်တက်ကြွကြွလေး ပြောလိုက်တာကြားတော့ "ကျန်းယီ" စိတ်ထဲပျော်ရွှင်မိသည်။ သူမ အားသုံးပြီး လက်ကိုဆွဲယူလိုက်သည်။ ဖုန်းကို နောက်တစ်ခေါက် ကိုင်မြှောက်ထားလိုက်ပြန်၏။ "ဒီတစ်ခါတော့သတိထားရမယ် ဖုန်းတော့အပါမခံနိုင်ဘူး"

"စုအန်းရန်"ရဲ့ အပြုံးတွေ ခက်ထန်သွားပြန်သည်။ သူ့မျက်လုံးတွေကို အပေါ်ဘက်လှန်ကြည့်ထားသည်။ အကြံကောင်းတစ်ခုရလိုက်သလိုမျိုး "ကျန်းယီ"ဆီ လက်ညှိုးထိုးလိုက်ပြီး သေသေချာချာပြောသည်။ "ဒီတစ်ခေါက် ရအောင်ယူပြမယ်"

ပြောပြောဆိုဆိုနဲ့ သူအားကုန်သုံးပြီး "ကျန်းယီ"ဆီကို တစ်ဟုန်ထိုးပြေးသွားသည် __

ရုတ်တရက် သူ တစ်ခုခုနဲ့ ခလုတ်တိုက်မိပြီး မြေကြီးပေါ်လဲကျသွားသည်။

"ကျန်းယီ" အမြန်ပြေးလာသည်။ "အန်းရန်၊ အဆင်ပြေရဲ့လား" သူ့ကိုဆွဲထူခါနီးမှာ သူ့မျက်နှာပြုံးသွားတာမြင်တော့ "ကျန်းယီ" အငိုက်မိသွားပြီမှန်း သိလိုက်ပေမယ့်လည်း နောက်ကျသွားပြီဖြစ်၏။ ဖုန်းက "စုအန်းရန်" လက်ထဲ ရောက်သွားခဲ့ပြီ။

"ကျန်းယီ" စိတ်‌ပေါ့သွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ကျေနပ်အားရနေသည့်မျက်နှာလေးနဲ့ ဖုန်းကိုကြည့်လိုက်ပြီး သူ့နဖူးကိုတောက်လိုက်သည်။ "နောက်ပိုင်း ဒီလိုအန္တရာယ်များတဲ့ အပြုအမူတွေမလုပ်ရဘူးနော် မေမေစိုးရိမ်လို့ပါ ဒီပုံထဲမှာလည်း သားကချောပါတယ်"

"စုအန်းရန်" ဖုန်းကိုရသွားတော့ ပုံတွေကိုဖျက်လိုက်ပြီး သူ့မကို ဘ၀င်ခိုက်နေတဲ့အပြုံးနဲ့ မော့ကြည့်‌လိုက်သည်။

"မေမေက ဒီလောက်မညံ့ပါဘူး"

"ကျန်းယီ" သူ့လက်ထဲက ဖုန်းကိုယူလိုက်ပြီး ဂုဏ်ယူနေတဲ့သူ့မျက်နှာလေးကြည့်လိုက်ရင်း မျက်ခုံးပင့်ပြလိုက်သည်။ "အန်းရန်၊ ပုံဖျက်လိုက်လည်း အလကားပဲ အစီအစဉ်ထုတ်လွှင့်ပြီးရင် တစ်နိုင်ငံလုံးကလူတွေ သားရဲ့ကြောင်ရုပ်ကြီးကို မြင်ကုန်ကြတော့မှာ ဟားဟားဟား"

Two Mom [ Rebirth ]Where stories live. Discover now