အခန်း၇၈

941 118 0
                                    

အခန်း (၇၈)

"စုအန်းရန်"က "ကျန်းယီ"ကို အံ့အားတသင့်ကြည့်လိုက်သည်။ ဖေဖေက မေမေ့ကို ဆက်နေခိုင်းတယ်တဲ့လား။ သူ "ကျန်းယီ" လက်ကိုကိုင်လိုက်ပြီး ဆက်နေဖို့ပြောချင်ပေမယ့် သူ့အမေသဘောမတူမှာစိုးသည်။

"ကျန်းယီ"က "စုအန်းချီ"ကို ချီထားရင်း "စုဇီရွှမ်း"ကို မယုံနိုင်သောအကြည့်နဲ့ကြည့်လိုက်၏။ စကားများထားတာ၊ "ကျဲယာ"နဲ့ ပုံတွေ့တာက သူ့ကိုစိတ်မပျက်စေဘူးလား။ သူ ဘာလို့ သူမကို ဆက်နေစေချင်တာလဲ။

"စုဇီရွှမ်း"က နှာခေါင်းကိုပွတ်လိုက်ပြီး ကြောင်အမ်းအမ်းဖြစ်နေတဲ့ "ကျန်းယီ"ကို ကြည့်လိုက်သည်။ သူဒီစကားကိုပြောလိုက်တာ နည်းနည်းနောင်တရသွားသည်။ ဒါပေမယ့် သူ့စိတ်ထဲမှာ ကလိကလိဖြစ်နေသည်။ သူက ပေါ့ပျက်ပျက်ပဲနေတတ်ပေမယ့် ဒီတစ်ခါမှာတော့ ...

ကြည့်ရတာ သူမက အရင်နဲ့မတူတော့ သူ စပ်စုချင်စိတ်ပေါက်နေသည်။

သူ သူမကို မျှောင်လင့်တကြီးနဲ့ကြည့်နေပြီး "စုအန်းရန်"လည်း သူမကို ကြည့်နေသည်။ "ကျန်းယီ" စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပေမယ့် သူတို့ကြည့်နေတော့မနေတတ်။

"ကျန်းယီ"က "စုအန်းရန်" လက်ကိုဆွဲကိုင်ပြီး တံခါးကနေပြေးထွက်သွားသည်။ "ကျွန်မ အစီအစဉ်ရိုက်စရာရှိသေးလို့ ကလေးတွေပြန်ခေါ်သွားတော့မယ်"

"စုဇီရွှမ်း" စိတ်ပျက်လက်ပျက်နဲ့ နှာခေါင်းကိုကိုင်လိုက်ပြန်သည်။ ဒါဟာ ရှုံးနိမ့်ခြင်းလား။

သူ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး ကြိတ်ပြုံးလိုက်သည်။ သူ့ဇနီးက ဒီလောက်ရှက်တတ်လိမ့်မည်လို့ မထင်ထား။ ဒါမျိုးက မတွေ့စဖူးပဲ။

"စုဇီရွှမ်း" ဟောခန်းထဲကို ခပ်သွက်သွက်လျှောက်လာခဲ့သည်။ "လျန်းချင်"က အနက်ရောင်မျက်မှန်တပ်ထားပြီး သတင်းစာဖတ်နေသည်။ "စုဇီရွှမ်း" ပျော်နေတာမြင်တော့ သူမမျက်မှန်ကိုချွတ်လိုက်ပြီး သိချင်ဇောနဲ့မေးသည်။ "နင်ဘာလို့ဒီလောက်တောင်ပျော်နေတာလဲ"

"စုဇီရွှမ်း"က "ကျန်းယီ" ရှက်သွားတာကိုတွေးမိပြီး ရယ်မိသွားသည်။ "လျန်းချင်" မေးလိုက်တော့ သူ ခဏငြိမ်ကျသွားသည်။ သူ့လက်ကိုချထားလိုက်ပြီး ချောင်းဟန့်၍ မတ်မတ်ထိုင်လိုက်သည်။ "မဟုတ်ပါဘူး ကျွန်တော့်ကုမ္ပဏီက နောက်ထပ်ပရောဂျက်အကြီးစားတစ်ခု အောင်မြင်သွားလို့ပါ"

Two Mom [ Rebirth ]Where stories live. Discover now