အခန်း ၉

2K 308 15
                                    

Unicode

ကူးပြောင်းလာပြီးနောက် ကလေးနှစ်ယောက် မေမေ ဖြစ်လာတယ်
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၉

စာရေးပြီးနောက်မှာ သူမသည် ညာဘက်အောက်ထောင့်တွင်
သူမ ၏ ကလောင်အမည်ကို ရေးထိုးခဲ့သည်။
ထို့နောက် သူမသည် အန်းရှောင်ကျန်း မဟုတ်တော့ကြောင်း သူမသတိရသွားသည်
သူမ အဲဒါကို ချက်ချင်း ဖျက်လိုက်သည်

သူမသည် ပုံကြမ်းစာအုပ်ကိုလှန်လိုက်ပြီး ဒီနေ့ ဖြစ်ပွားခဲ့သည့်
မြင်ကွင်းကို ဆွဲလိုက်သည်။
စုအီရန် ၏ မကျေနပ်တဲ့ သေးငယ်သော အမူအရာနှင့်
ကြောက်ရွံနေတဲ့ စုအန်းချီ ၏ အမူအရာ လေးတွေ .....

( T/N မေမေ ကျန်းယီက နာမည်ကြီး ကာတွန်းဆရာမပါ အပေါ်က အခန်းတွေ ဖတ်ခဲ့ရင်
ဒါဒါလေးတို့ သိမှာပါ ...)

ကျန်းယီက ရေးလိုက်သည်
" စုအီရန် ပထမဆုံး ရန်ဖြစ်လိုက်တာကို အမေ တောင်းပန်ပါတယ်
အမေ မင်းကို စိတ်မဆိုးခဲ့ သင့်ဘူး၊
မင်း အမေကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်
အနာဂတ်မှာ ပိုကောင်းတဲ့ အမေဖြစ်လာဖို့ မား ကြိုးစားမှာပါ
တစ်နေ့နေ့တော့ မင်း အမေ့ ကို ' အမေ' လို့ ခေါ်မယ်လို့ မျှော်လင့်မိပါတယ် ..."

စုအီရန်သည် သူမချက်ပြုတ်ထားတဲ့ အစားအစာကို
ပထမဆုံးအကြိမ်စားတုန်းက "အိုကေ " ဆိုတဲ့အသုံးအနှုန်းလေးကို ရေးဆွဲလိုက်ပါသည်
ကျန်းယီသည် သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုရှိသည်။ ထိုအခိုက်အတန့်တွင် အလင်းရောင်အောက်က သူမ၏အသွင်အပြင်မှာ
နှစ်သက် ကြည်နူးဖွယ်ကောင်းနေသည်။
ထိုအမျိုးသမီးသည် မိခင်မေတ္တာတွေနဲ့ ပြည့်နေသည် ...


"နောက်တစ်ခါကျရင်လဲ စုအီရန်က '' အရမ်းအရသာရှိ တယ် '' လို့ ပြောနိုင်ဖို့ မျှောလင့်ပါတယ် !"

ဒါတွေအားလုံးကို ကင်မရာက သစ္စာရှိရှိ မှတ်တမ်းတင်ထားပါသည်

ပြတင်းပေါက် အပြင်ဘက်တွင် မိုးခြိမ်းသံ ထွက်ပေါ်လာသည်
ဒါပေမဲ့ ကျန်းယီကတော့ အလွန်အေးချမ်းနေသည်ဟု
ခံစားရသည်။
နိုးထပြီးနောက် ထိတ်လန့်ခြင်းမှ ကြောက်ရွံခြင်းအထိ
သူမသည် သေခြင်းတရားအကြောင်း သိလာရပြီးသောအခါ
ယခု အတွင်းစိတ်ခံစားချက် ငြိမ်းချမ်းလာခြင်းသည်
သူမအား ကလေးနှစ်ယောက်က စွမ်းအားပေးခဲ့သော ဖြစ်သည်

Two Mom [ Rebirth ]Where stories live. Discover now