အခန်း ၁၆

1.8K 234 3
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ- VioletM
အခန်း ၁၆

ယုမန်းမြောင်က လေထု၏ တင်းမာမှုကို သတိမထားမိပုံရပါတယ်
သူမလက်ကို စားပွဲပေါ်ထားကာ တင်းတင်းကြပ်ကြပ် ဆုပ်ထားပါတယ်
သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ငါ နားလည်မှုလွဲနေတာ သိပါတယ်
ဒါပေမယ့် ယီယီ ငါ့ကို ယုံပေးပါ
ငါတကယ်လုပ်ခဲ့တာက နင့် အကျိုးအတွက်ပဲ" သူမသည် ကျန်းယီ ကို
ချီတုံချတုံကြည့်ကာ သူမတွင် ဘာအမူအရာမှရှိမနေတာ ကို တွေ့လိုက်ရပါတယ်
သူမက ဆက်ပြောတယ်
" ဇီရွှမ်းကနင့်အပေါ် အရမ်းအေးတိအေးစက်နိုင်တယ်လို့ ငါတကယ်ထင်ခဲ့တာ
သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါက ..."

ကျန်ဟွမ်းလင် က သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်
ယုမန်းမြောင်က ဘာကြောင့်ဒီလိုပြောလဲဆိုတာ သူမ အံ့သြနေမိပါတယ်
သူ့နို့လက်ဖက်ရည်ကို ရွံရှာစွာ ကိုင်ထားတဲ့ စုအီရန် ကို သူမကြည့်ကာ
မြင်ကွင်းကို ဖြေလျှော့ရန် ကြိုးစားရင်း
"ဟေး နင် နားလည်မှုလွဲနေတယ်
စုအီရန်က ရှက်နေတာ သူကလည်း ငါ့ကို လျစ်လျူရှုထားတာ "

သူမစကားပြောနေစဉ် စုအီရန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး
"အန်တီ" ဟုခေါ်လိုက်ပါတယ်

ကျန်းဟွမ်းလင်က အံ့သြစွာ ပြုံးလိုက်ပြီး
ဝမ်းနည်းနေတဲ့ ယုမန်းမြောင် ကို ရှက်ရွံ့စွာ ကြည့်လိုက်ပါတယ်
သူမက "အိုး နင် ဒီမှာရှိလို့ဖြစ်မယ် ဒါနဲ့ သူက မျက်နှာသာပေးတာဟ ..."

ထို့နောက် သူမက စုအီရန်ကို မျှော်လင့်တကြီးကြည့်ကာ
" စုအီရန် ၊ မင်း ငါ့ကို ထပ်ခေါ်လို့ရမလား ? "

ဒီအချိန်မှာ စုအီရန်ကဘာ စကားမပြောတော့ပေ
သူက ဖယ်ထားတဲ့ သကြားပန်းကန်ကို ကြည့်ပြီး နို့လက်ဖက်ရည်ကို ရွံရှာစွာ ဆက်သောက်နေပါတယ်

ကျန်းယီက စုအန်းချီ ကို စိတ်နှလုံးအကြွင်းမဲ့ ဂရုစိုက်ပြီး
ယုမန်းမြောင် ၏ သရုပ်ဆောင်မှုကို ကြည့်ရှုခဲ့ပါတယ်
သူမရဲ့ "အချစ်ဉီးမျက်နှာ" နဲ့ သူမရဲ့ ပျော့ညံ့ပြီး
သနားစရာကောင်းတဲ့ အသွင်အပြင်နဲ့ သရုပ်ဆောင်ဖို့ တွေးခဲ့မယ်ဆိုရင်
သူမဟာ ဆယ့်ရှစ်ယောက်မြောက် ကြယ်ပွင့်တစ်ယောက် မဟုတ်တာ သေချာပါတယ်

Two Mom [ Rebirth ]Where stories live. Discover now