အခန်း ၂၉

1.3K 162 0
                                    

Unicode
ကလေးလေးတို့မေမေ
ဘာသာပြန်သူ - Violet M
အခန်း ၂၉

လျန်ချင် ဟာ မူလပိုင်ရှင်အပေါ်
မဆိုးဝါးလှသော်လည်း
ကျန်းယီကို ဂရုမစိုက်ဘဲ အမြဲတမ်း
မာနကြီးနေခဲ့ပါတယ်
သူမဟာ သာမန်ယောက္ခမ ‌ေတွနဲ့တော့
အတော်ပဲကွာခြားတယ်
ဒီလိုအပြုအမူမျိုးကို ချစ်ခြင်းမေတ္တာမရှိဘူးလို့
ပြောလို့ရတယ်
ဘယ်လိုမျိုးထင်မြင်ယူဆရမလဲ ?

ကျန်းယီ ငြိမ်ပြီး မငိုတော့တဲ့ အန်းချီကို ကြည့်ပြီး
အီရန်ကို ကြည့်လိုက်တော့
အီရန် ၏ လျစ်လျူရှုတဲ့ မျက်နှာအမူအရာက
သူမအတွေးထဲ ပေါ်လာ၏
"ဒါဆို အမေ အရင်ပြန်တော့မယ်"

အဲ့ဒါကြောင့်ပဲ ကျန်းယီဟာ ရက်စက်လိုက်၏။
သူမ အီရန် နှင့်အန်းချီအား ကြည့်နေတာ
ရပ်လိုက်ပြီး တံခါးဆီသို့ အမြန်လျှောက်သွား
လိုက်ပါတယ်

သူမနောက်တွင် မြေကြီးကွဲအက်သွား‌ေစနိုင်သည့်
ငိုကြွေးသံတစ်ခု ရှိသေး၏
အန်းချီ ငိုနေတယ် !
အသက်ရှုကြပ်နေသည့် ပုံစံအတိုင်း သူမ ငိုနေတယ်

လျန်ချင်ဟာသူမအနားမှာ မတ်တပ်ရပ်နေသော်
လည်း နှစ်သိမ့်သောအသံကို မကြားရပေ
သူမ၏ ခြေလှမ်း‌ေတွဟာ အနည်းငယ်
ရပ်တန့်သွားကာ နောက်သို့ လှည့်မကြည့်ဘဲ
ရှေ့သို့ ပြင်းပြင်းထန်ထန် လျှောက်လှမ်းခဲ့၏

ဒီနေ့လမ်းခွဲခြင်းက မနက်ဖြန်အတွက်
ပိုမိုကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုပဲ ဖြစ်၏။

သူမယောက္ခမပြောတာ မှန်တယ်
အရာအားလုံးက သူမလိုချင်သလို ဖြစ်လာမှာ
မဟုတ်ဖူး
အနည်းဆုံးတော့ လောလောဆယ်
သူမမှာ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး

"အမေ-" အန်းချီ၏ အသံဟာ
အဝေးမှ ထွက်ပေါ်လာပြီး ကျန်းယီဟာ
မလှည့်လာ‌ေတာ့ပေ။
မိဘမဲ့ဂေဟာမှာ သူမကို ငယ်စဉ်ကလေးဘဝက
ဌာနမှူးမိခင်က မွေးစားခဲ့တဲ့အချိန်ကို တွေးခဲ့တယ်
မြင်ကွင်းက အတူတူပါပဲ
ဌာနမှူးအမေလည်း အတူတူပါပဲ
နောက်ကို ဘယ်တော့မှ လှည့်မကြည့်ဘူး
ထိုအချိန်တွင် သူမဟာ
ဌာနမှူးမိခင်ကို မုန်းတီးပြီး ရက်စက်လွန်းတယ်ဟု ခံစားခဲ့မိ၏

Two Mom [ Rebirth ]Where stories live. Discover now