အခန်း ၅၄

1K 154 3
                                    

Unicode

Two mother
Translator - Lilac M
အခန်း ၅၄

လီဘင်းလွေ့သည် ကျန်းယီ ၏ ပျော့ပျောင်းသော
အသံကို ကြားလိုက်သောအခါ သူ့နှလုံးခုန်နှုန်း
တိုးလာတယ်
သူမ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမဟုတ်ဘူးဆိုတာ
သူသိတယ်
သူဟာ ထိတ်လန့်တကြားနဲ့ လက်အိတ်ကို ချွတ်လိုက်တယ်။

သူ့မအမေးကို သူက "သူ့သွားတွေက မဆိုးဘူး
ဒါပေမယ့် အချိုတွေ အရမ်းစားတဲ့အတွက်
သွားပိုးစားတယ်။ မင်းပြန်သွားရင် သူ့ကို
သေချာဂရုစိုက်ပါ ငယ်သွားတွေ ကြွေတော့မယ်
သွားနှင့်ခံတွင်းသန့်ရှင်းရေးကို
ကောင်းမွန်စွာ စောင့်ရှောက်‌ေပးပါ ။"
ကျန်းယီက အရပ်ရှည်ပြီး ခြေတံရှည်လို့
ထင်ခဲ့ပေမယ့် အခုအချိန်မှာတော့
အရပ်ရှည်တဲ့ အမျိုးသားနဲ့ ယှဉ်ရင်တော့
ပုတယ်လို့ ခံစားရတယ်။

လီဘင်းလွေ့ စကားပြောပြီးသောအခါ
သူ့အနားတွင် တစ်ယောက်မျှမရှိသည်ကို
သူတွေ့ရှိခဲ့သည်။

ကျန်းယီက သူ့ကို ပြုံးပြပြီး "ဒေါက်တာလီ က အရပ်ရှည်တယ် "
အီရန် က သူ့ကိုမြင်ပြီး သူ့အဖေက
အရပ်ပိုရှည်တယ်ထင်မိတယ် ။

လီဘင်းလွေ့သည် သူ့မျက်နှာဖုံးကို
မချွတ်ရသေးကြောင်း တွေ့ရှိမှသာ
ရှက်ရွံ့စွာ နှာခေါင်းကို ထိလိုက်၏
သူက ကျန်းယီ ရဲ့ အပြုံးကို စိုက်ကြည့်နေတယ်
ဒါပေမယ့် သူ အပြုံးကို ပြန်မပြနိုင်ခဲ့ဘူး
သူပြုံးလိုက်လျှင် အန်းချီ ကို ကြောက်လန့်ပြီး
သူမလည်း ထိုအချိန်မှ အပြင်ထွက်ရမယ်

နောက်ဆုံးတော့ သူက မျက်နှာဖုံးကို မဖြုတ်ဘူး

သူ့မှာ ဘာမှားနေမှန်းမသိဘူး
ကလေးနှစ်ယောက်ရှိတဲ့ အမျိုးသမီးကို
အရင်က တစ်ခါမှ မခံစားဖူးဘူး
လက်တွဲဖော်ရှာဖို့ တကယ်လိုအပ်တယ်ဆိုတာ
သူ့ညီမလေးပြောသလိုပဲလား ?

လီဘင်းလွေ့အရှိန်လျှော့သွားပြီးနောက်
အီရန် သူ့သွားများကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆွေးနွေးရင်း နှစ်ယောက်သား ဘေးချင်းကပ်
လျှောက်သွားကြသည်။

အီရန် သည် ကင်မရာကို ယောင်ဝါးဝါး
စိုက်ကြည့်ကာ မျက်လုံးများ မှိန်ဖျော့နေတယ်
ထို့နောက် ဘာမှမဖြစ်ခဲ့သလို ကျန်းယီ၏
အဝတ်ထောင့်ကို ဆွဲထုတ်ကာ
သူမ၏လက်ဖဝါးကိုလှမ်းဆွဲလိုက်ပါတယ်

Two Mom [ Rebirth ]Where stories live. Discover now