အခန်း ၆၇

751 98 0
                                    

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Lilac M
အခန်း (၆၇)

"စုအန်းရန်" တံတွေးမြိုချလိုက်ပြီး "စုအန်းချီ"ရဲ့ လမ်းလျှောက်လေ့ကျင့်တဲ့ခုံလေးကို "တာ့ဟား" အနားဆီ တွန်းပို့လိုက်သည်။ သူမရဲ့လက်သေးသေးလေးတွေကို "တာ့ဟား" ကိုယ်ပေါ်တင်ကြည့်သည်။ "စုအန်းချီ"က အမွေးစုတ်ဖွားလေးနဲ့ "တာ့ဟား"ကို ကိုင်လိုက်မိတော့ ရုတ်တရက် စိတ်တွေလှုပ်ရှားပြီး သူမအမွေးတွေကို ဆောင့်ဆွဲမိလိုက်သည်

"တာ့ဟား"လည်း "စုအန်းချီ" အားနဲ့ဆွဲတော့ ခေါင်းရော ခန္ဓာကိုယ်ပါ လိမ်ဖယ်လိမ်ဖယ်ပါလာပြီး "စုအန်းချီ"ရဲ့ လက်‌ကလေးကို ပါးစပ်ထဲမှာငုံထားသည်။ "စုအန်းရန်" ကြောက်လန့်တကြား ထအော်သည်။ "မေမေ၊ တာ့ဟား ချီချီ့ကို ကိုက်လိုက်တယ်"

"ကျန်းယီ" လှမ်းကြည့်တော့ "တာ့ဟား"က "စုအန်းချီ"နဲ့ ကစားနေ၏။ "တာ့ဟားက မကိုက်တတ်ပါဘူး သူက စုအန်းချီနဲ့ ဆော့နေတာ"

"စုအန်းရန်" မယုံနိုင်ဟန်ဖြင့် "တာ့ဟား" နဲ့ "စုအန်းချီ"ကို လက်ညှိုးထိုးပြသည်။ "ဒါပေမယ့် ..."

"စုအန်းရန်" ကြောက်နေမှန်း "ကျန်းယီ" သိသည်။ "တာ့ဟားရေ လွှတ်ပေးလိုက်"

"တာ့ဟား"က ပျော်ရွှင်မြူးထူးနေပြီး "စုအန်းချီ" လက်ကို လွှတ်လိုက်သည်။ သွားရည်တွေပေနေတာကလွဲလို့ သူမလက်မှာ ဘာကိုက်ရာမှမရှိ။

"မေမေပြောသားပဲ အန်းရန်က တာ့ဟားကိုကြောက်လို့လား" "ကျန်းယီ" ပြုံးပြီး မေးလိုက်သည်။

"စုအန်းရန်" အမူအရာကတည်သွားပြီး ငြင်းလိုက်သည်။ "ဟင့်အင်း ဘာလို့သူ့ကိုကြောက်ရမှာလဲ" သူ "တာ့ဟား"ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ကြောက်ကြောက်နဲ့ တံတွေးမျိုချလိုက်သည်။

"ကျန်းယီ" ပြုံး၏။ "စုအန်းရန်"က သိပ်ချစ်စရာကောင်းသည်။

"သူက အကောင်ကြီးပေမယ့် မကိုက်တတ်ဘူး"

"စုအန်းရန်" သူမကိုကိုင်ကြည့်ဖို့ အနားကိုမကပ်ရဲ။ "ပိုင်လျန်"ကတော့ စိတ်ချရပြီး ချစ်ဖို့လည်းကောင်းသည်။

အားလုံးရှင်းလင်းပြင်ဆင်ပြီးတဲ့နောက် "ကျန်းယီ" သူမဆွဲထားတဲ့ပုံကြမ်းကို အကောင်အထည်ဖော်တော့မည်။ အရင်ဦးဆုံး သစ်သားပြားကို အရှည်၊ အရွယ်အစား တိုင်းဖို့လိုသည်။ ပြီးမှ လွှနဲ့ဖြတ်ပြီး အစီအစဉ်တကျ တပ်ဆင်ရမည်။

Two Mom [ Rebirth ]Where stories live. Discover now