အခန်း ၄၈

1K 148 2
                                    

Unicode

Two mother
Translator - Violet M
အခန်း ၄၈

တစ်နေကုန် အနားယူပြီးနောက်မှာ‌ေတာ့ နောက်တစ်နေ့တွင် အစီအစဉ်အဖွဲ့မှဝန်ထမ်းတွေ ပြန်လည်ရောက်ရှိလာပြီးကျန်းယီ ၏ အိမ်ဖော်နှင့် သန့်ရှင်းရေးဝန်ထမ်း
‌ေတွဟာအနားယူနိုင်ခဲ့၏
ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းများအပြင် ဗီလာမှာ
မိခင်တစ်ဦးနှင့် ကလေးငယ်‌ေလးနှစ်ဦးသာ
ကျန်ခဲ့တော့တယ်

မနက်စာစားပြီးနောက် ကျန်းယီ သည်
အီရန်ကို သွားများစစ်‌ေဆးရန် ဆေးရုံသို့ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
သွားပိုးစားခြင်းကို ကောင်းစွာဂရုမစိုက်ပါက အစာစားခြင်းကို ထိခိုက်စေနိုင်ပြီးအာဟာရဓာတ်စုပ်ယူမှုနှင့်
ခန္ဓာကိုယ်ကြီးထွားမှုကိုတောင် ဆိုးရွားစွာထိခိုက်စေပါတယ် ။ သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းယီ ဟာ အန်းချီ၏ အနှီးတွေ ကလေးနို့ပုလင်း‌ေတွ၊ နွေရာသီတွင် အပူဒဏ်ကာကွယ်ဖို့ အတွက် တိုလီမိုလီလေးတွေပါရှိသည့်ပခုံးအိတ်ကြီးတစ်လုံးကို သယ်ဆောင်လာခဲ့၏

ကျန်းယီဟာ သူမနဲ့ အဆင်ပြေစေရန်
မူလပိုင်ရှင်၏ ဗီရိုအပြည့်ရှိ လှပသည့်
ဝတ်စုံများကို စွန့်ပစ်ကာ ပန်းရောင်အားကစားဝတ်စုံကို
၀တ်ဆင်ခဲ့ပါတယ် ။ သူမကအလွန်စိတ်ခက်ထန်ပုံပေါက်သည့် အုတ်နီခဲ‌ေရာင်ကို၀တ်ထားတယ် အီရန် အတွက် ပြင်ဆင်ထားပုံက
သူဝတ်လေ့ရှိတဲ့ ဝတ်စုံသေးသေးလေးမဟုတ်ဘဲ
သူမနဲ့ ပုံစံတူ အပြာရောင် အားကစားဝတ်စုံ‌ေလးပါ။
သူက ဘေ့စ်ဘောဦးထုပ်ကို ၀တ်ထားတယ်
အရမ်းမိုက်နေတာပဲ !
အန်းချီက ခေါင်းပေါ်တွင် ပန်းရောင်လိပ်ပြာ
ဆံပင်ညှပ်ဖြင့် ပန်းရောင်ဂါဝန်ကို ၀တ်ဆင်ထားတယ်
သူမက တစ်စုံတစ်ဦးကို တည့်တည့်စိုက်ကြည့်လျှင်
ထိုလူက ‌ေတာ့ ပန်းရောင်ပူဖောင်း‌ေလးကို
မြင်ရသလိုပဲ !
အီရန်က သူ့အဝတ်ထောင့်ကို ဆွဲလိုက်၏
သူမက ပြုံးကာ သူ့ရှေ့တွင် ဝပ်တွားကာ
"ဘာဖြစ်နေတာလဲ !
ဒီအဝတ်အစားတွေကို မကြိုက်ဘူးလား"

အီရန် ခေါင်းညိတ်တော့မည့်အချိန်တွင်
ကျန်းယီတစ်ယောက် သူမရဲ့ နှလုံးသားကို
ဆုပ်ကိုင်ထားသလို ခံစားလိုက်ရ၏
သူမ၏ မျက်တောင်တွေဟာ ကွေးညွတ်နေပြီး သူမ၏အမူအရာမှာ သနားစရာဖြစ်ကာ
သက်ပြင်းချလိုက်ရင်း
" အီရန် အမေ့ကို မုန်းနေပုံရတယ်"
အီရန်၏ စကားလုံးများသည် လည်ချောင်းဝတွင်
ပိတ်ဆို့သွားပြီး ကျန်းယီ၏ မျက်နှာကို
ရှက်ကိုးရှက်ကန်းဖြင့် 'ကျွန်တော် အမေ့ကို
ဘယ်တုန်းက မုန်းလို့လဲ' ဟူသော အမူအရာဖြင့်
ကြည့် ၏ကျန်းယီ က အီရန် ရဲ့ အဝတ်အစားတွေကို
လက်ညှိုးထိုးပြပြီး "သားရဲ့အဝတ်အစားတွေက
အမေနဲ့အတူတူပဲ သား မကြိုက်ဘူးလား
အမေ နဲ့တူတူဝတ်တာကို မကြိုက်လားလို့
ဆိုလိုတာမဟုတ်ဘူးလား ? အမေ နဲ့တူတူဝတ်ရတာ
မကြိုက်ရင် သားက အမေ့ကို ဘယ်လိုလုပ်
ကြိုက်တာဖြစ်နိုင်မှာလဲ "သူမက လက်ညှိုးကို
ရုတ်လိုက်ပြီး ခေါင်းကို ငုံ့ကာ "အီရန်က သူ့အမေကို
မကြိုက်ဘူးတဲ့ အမေ တကယ်ဝမ်းနည်းတာပဲ "
အီရန် ရဲ့ လက်သေးသေးလေးတွေက
သူမရဲ့ ပုခုံးတွေကို မှီပြီး နှုတ်ခမ်းတွေ
အနည်းငယ်ပွင့်လာပြီး "သား ... အမေ ကို
သဘောကျပါ တယ်"

Two Mom [ Rebirth ]Où les histoires vivent. Découvrez maintenant