အခန်း ၁၀

2.2K 305 5
                                    

Unicode

ကူးပြောင်းလာပြီးနောက် ကလေးနှစ်ယောက် မေမေ ဖြစ်လာတယ်
ဘာသာပြန်စာရေးသူ - Lilac M
အခန်း ၁၀

ကျန်းယီသည် တောင်ကြီးတစ်ခုက သူမကိုယ်ပေါ်မှာ
ဖိကပ်နေသကဲ့သို ခံစားလိုက်ရပြီး သူမ အသက်ရှူမဝနိုင်အောင် ဖြစ်နေသည်
သူ့မနားထဲတွင် ဆူညံနေသည့် အသံမျိုးစုံကိုလည်း ကြားနေရသည်
သူမ မျက်လုံးများကို ရုတ်တရက်ဖွင့်ကြည့်လိုက်တော့
စုအန်းချီသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပျော်ရွှင်စွာတွားသွားနေသည်ကိုတွေ့လိုက်ရသည်။
ဘယ်ဘက်မှ ညာဖက်သို့ တွားသွားရင်း ကလေးလေးသည်
သူမနိုးလာတာကို မြင်လိုက်ရသည်။
သူမသည် သွားနှစ်ချောင်းလေးပေါ်အောင် ပြုံးနေတာကို
ရပ်လိုက်ပြီး နောက်တစ်ကြိမ်ဆက်ပြီး တွားသွားပြန်သည်

"ဘေဘီ အန်းချီလေးက စောစောနိုးနေတာလား ? "
ကျန်းယီက စိတ်ရှုပ်ထွေးစွာ သူမကို ကုတင်ပေါ်တင်ပေးလိုက်သည်။
သူမ မော့ကြည့်လိုက်တော့ တောက်ပသော မျက်လုံးများနှင့်
သဘာဝမကျသော အမူအရာများဖြင့် သူမဘေးတွင်
တင်ပျဉ်ခွေထိုင်နေသော စုအီရန်ကို တွေ့လိုက်ရသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင်
သူ၏အမူအရာသည် သာမန်မထူးမခြားနားအဖြစ်
ပြောင်းလဲသွားပြန်သည်။

"စုအီရန် သားက ညီမလေးကို စောင့်ပေးနေတာလား
တကယ်ကို လိမ္မာတာပဲ "
ကျန်းယီက စုအီရန်ကို ချီးကျူးလိုက်ပြီး သူ့ကိုနမ်းဖို့
တွေးလိုက်သည်
ဒါပေမယ့် သူမက ရေမချိုးရသေးဘူး။
သူမ နောက်ပြန်ဆုတ်ကာ ဆံပင်ကိုဖီးလိုက်ရင်း
ကုတင်ဘေးရှိ နှိုးစက်နာရီကို လှမ်းကြည့်လိုက်သည်။
အချိန်က မနက် ခြောက်နာရီခွဲပဲ ....

ကလေးနှစ်ယောက်က စောစောထနေတယ်
ကျန်းယီက ငြိမ်သက်စွာ သက်ပြင်းချလိုက်သည်။

သူတို့နိုးလာပြီးကတည်းက ကျန်းယီသည် အိပ်ယာထပြီး
လိုက်ကာတွေကို ဆွဲဖွင့်လိုက်သည်
ကောင်းကင်ကြီးက လုံးဝတောက်ပနေသည်
မနေ့ညက မိုးသည်းထန်စွာရွာပြီးနောက် အိမ်နောက်ဖေးရှိ
အပင်များသည် အနည်းငယ် တောက်ပြောင်ပြီး စိမ်းစိုနေပါသည်။
လေထုထဲတွင် မိုးရနံ့ သင်းသင်းလေး မွှေးနေသေးသည်။

Two Mom [ Rebirth ]Where stories live. Discover now