အခန်း ၈၃

749 130 3
                                    

အခန်း (၈၃)

"ကျန်းယီ"က "စုအန်းရန်" အနားလာပြီးပြောသည်။ "အန်းရန် ဒါ သားရဲ့ဘွားဘွားလေ နှုတ်ဆက်လိုက်ပါဦး"

"စုအန်းရန်"က သွက်သွက်လက်လက် မတ်တပ်ရပ်လိုက်ပြီး "ဝေကျား"ကို နှုတ်ဆက်သည်။ "ဘွားဘွား သားနာမည်က စုအန်းရန်ပါ"

ဒါက သူ့အဘွားလား။ သူမကိုကြည့်ရတာ အတိတ်တုန်းက သူ့အမေလိုပဲ အနည်းငယ်ခက်ထန်သည်။

"ဟုတ်ပါပြီ" "ဝေကျား"လည်း "စုအန်းရန်"ဆီ လာပြီး ‌ဆံပင်လေးကို ပွတ်သပ်ပေးသည်။ သူ့ကြည့်ရတာ "ယီအန်း" ငယ်ငယ်တုန်းကပုံစံ။ ဒါပေမယ့် သူ့ရဲ့တည်ကြည်ပုံကတော့ သူ့အဖေဆီက အမွေရထားသည်ထင်ပါရဲ့။ "ဒါ သားအတွက် ဘွားဘွားရဲ့လက်ဆောင်"

"ဝေကျား"က သူမရဲ့ ခရမ်းရောင်လက်ကိုင်အိတ်ထဲကနေ တြိဂံပုံ အဆောင်လေးတစ်ခု ထုတ်လိုက်ပြီး "စုအန်းရန်" လက်ထဲထည့်ပေးသည်။ "ဒါက သားကို ကာကွယ်ပေးလိမ့်မယ်"

"စုအန်းရန်"က သူ့လက်ထဲက အနီရောင် တြိဂံပုံ အဆောင်လေးကို ကြည့်ပြီး "ကျန်းယီ"ကို မော့ကြည့်သည်။

"ကျန်းယီ"က ကိုင်ကြည့်ချင်ပေမယ့် "ဝေကျား"က သူမလက်ကိုဖယ်လိုက်သည်။ "ဟဲ့ ဒါက ကလေးဖို့ယူလာတာ လုဖို့စိတ်ကူးမနေနဲ့"

"ကျန်းယီ" ၀မ်းနည်းသွားသည်။ သူမက ကြည့်ချင်ရုံသက်သက်ပါ။ ဘာလို့များ လုသွားမယ်လို့ ထင်နေတာပါလိမ့်။

သူမ အေးစက်စက်နဲ့ သရော်သလိုပြုံးလိုက်သည်။ "ဪ အမေပေးရင်တောင် မယူပါဘူး ဒီမတောက်တခေါက်ဟာလေးက ဘယ်လိုလုပ်ပြီး လူကိုကာကွယ်ပေးနိုင်မှာလဲ"

ဒီလိုပြောရတာ ထူးဆန်းနေပေမယ့် "ကျန်းယီ" အလိမ်ပေါ်သွားမှာ စိုးရိမ်မိသည်။ ဒီခန္ဓာကိုယ်ကိုရထားပေမယ့် သူမအမေအပေါ် အပြစ်ရှိသလို ခံစားရသည်။

"ဘုရား ဘုရား ပေါက်တတ်ကရတွေ လျှောက်မပြောစမ်းနဲ့" "ဝေကျား"က "ကျန်းယီ"ကို ချက်ချင်းပါးစပ်ပိတ်လိုက်သည်။ "ကျန်းယီ"က အရပ်ရှည်တော့ သူမခြေဖျားထောက်လိုက်တဲ့အခါ သူမတစ်ကိုယ်လုံး တုန်ရီသွားသည်။

"ကျန်းယီ" လန့်သွားသည်။ မျက်လုံးအပြူးသားနဲ့ "ဝေကျား"ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ ဒီအပြုအမူကြောင့် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားသည်။ "ကျန်းယီ" ပါးစပ်ပိတ်သွားတော့ "ဝေကျား"က လက်ကိုပြန်ရုပ်လိုက်သည်။ "နင်ဒီလိုလျှောက်ပြောလို့မဖြစ်ဘူး လူကြီးကို မလေးမစားမလုပ်နဲ့ ကြားလား"

Two Mom [ Rebirth ]Where stories live. Discover now