အခန်း ၇၉

742 94 0
                                    

အခန်း (၇၉)

သူမ,ပြောရင် အမှားပါတော့မည်ဖြစ်၍ တိတ်တိတ်နေလိုက်သည်။

"စုအန်းရန်" ခေါင်းကိုငုံ့ထားလိုက်သည်။ သူ့ကြည့်ရတာ စိတ်မချမ်းသာဖြစ်နေ၏။

"စုအန်းချီ"ကတော့ "ကျန်းယီ" လက်ထဲမှာ ခေါင်းတွေယိုင်ထိုးပြီး အိပ်ငိုက်နေသည်။ သူမ "ကျန်းယီ" မျက်နှာနဲ့ ထိတော့မလိုဖြစ်သွားတိုင်း ခေါင်းကိုပြန်မော့ကာ မျက်လုံးလေးမပွင့်တပွင့်နဲ့ သူမကိုပြုံးပြပြီး အိပ်ပျော်သွားပြန်သည်။

"အန်းရန် ဘာဖြစ်နေတာလဲ စိတ်မကောင်းဖြစ်နေတာလား" သူတို့ကို အိမ်လိုက်ပို့ပေးမယ့် ဒရိုင်ဘာက တံခါးနားကစောင့်နေသည်။

"စုအန်းရန်" မျက်နှာကိုမော့လိုက်သည်။ သူ့မျက်၀န်းထဲက မျက်ရည်တွေက အလင်းရောင်ပြန်ဟပ်နေတာကြောင့် အရည်လဲ့နေသည်။

"ကျန်းယီ"က "စုအန်းချီ" ခေါင်းကို ထိန်းကိုင်လိုက်ပြီး သူ့ရှေ့မှာဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ "စုအန်းရန်"ရဲ့ မျက်နှာလေးကို ကိုင်လိုက်၏။ "မေမေက ပြန်မယ်ပြောလို့ ငိုနေတာလား"

တစ်ခါတလေမှာ နှစ်သိမ့်ပေးနိုင်မယ့်သူမရှိရင် ၀မ်းနည်းမှုတွေကို ရင်ထဲမှာပဲကြိတ်ခံစားရသည်။ တစ်စုံတစ်ယောက်ကသာ အဲ့ဒီနာကျင်မှုကို လာထိုးဆွပေးရင် ‌ရေထည့်ထားတဲ့ပူဖောင်းပေါက်သွားပြီး ရေတွေဒလဟောစီးကျလာသလို ခံစားချက်တွေကို တရစပ်ဖွင့်အန်မိလိမ့်မည်။

"ကျန်းယီ"ရဲ့ တည်ငြိမ်တဲ့အသံကြောင့် "စုအန်းရန်" သူ့ရဲ့၀မ်းနည်းမှုတွေကို ကြာကြာထိန်းမထားနိုင်တော့။

မျက်ရည်ပေါက်ပေါက်ကျလာပြီး ယူကြုံးမရစွာဖြင့် ငိုကြွေးတော့သည်။ "မေမေ ..."

"ဘာလို့လဲ မငိုပါနဲ့ တိတ်တော့ အဆင်ပြေပါတယ် သားကယောက်ျားလေးဆိုတော့ သန်မာရမယ်လေ မေမေပြောဖူးတာမေ့သွားပြီလား အစီအစဉ်ရိုက်ပြီးရင် ‌အဲ့ဒီမှာနေလို့ရပြီ သဘောတူပြီးသားကိစ္စကို နောင်တရနေလို့ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား မေမေတို့ shooting အရင်ပြီးအောင်လုပ်ရမှာ"

"စုအန်းရန်"က "ကျန်းယီ" လက်မောင်းပေါ် တစောင်းမှီပြီး တိတ်တိတ်လေးငိုသည်။

Two Mom [ Rebirth ]Where stories live. Discover now