အခန်း ၂၈

1.4K 160 7
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်သူ - Violet M
အခန်း ၂၈

"အီရန် ?"

အီရန်သည် လျန်ချင်း နံဘေးတွင် ရပ်လိုက်ပြီး
ခေါင်းကို အမြန်မော့ကြည့်လိုက်ပါတယ်
တံခါးဝမှာ အရပ်ရှည်ရှည် လူတစ်ဦး
ရပ်နေပါတယ်
သူ့မျက်နှာက တင်းမာပြီး နက်ရှိုင်းတဲ့
ပင်လယ်ကြီးလို အေးဆေးတည်ငြိမ်တဲ့
စိတ်ထားရှိနေပါတယ်
အဆုံးသတ်မှာတော့ ဘယ်သူကမှ သူ့ရဲ့
အတွင်းစိတ်အ ‌ေနအထားကို ရှင်းရှင်းလင်းလင်း
မမြင်နိုင်ကြပေ

"ဖေဖေ!" အီရန်က အံ့ြသစွာ ပြုံးလိုက်ပါတယ်
မသိစိတ်ကြောင့် သူဟာရှေ့ကို ပြေးသွားပြီး
သူဘာတွေ တွေးနေမှန်းမသိဘဲ
ရုတ်တရက် ရပ်သွားတယ်
သူ့အပြုံးက ဖုံးကွယ်သွားပြီး
သူ့မျက်နှာကတော့ တည်ငြိမ်‌ေနပါတယ်
သူ့အမူအရာက စုဇီရွှမ်း နဲ့ အတူတူပါပဲ

ကျန်းယီ လှည့်ကြည့်လိုက်တော့
စုဇီရွှမ်း ၏ လျစ်လျူရှုသောအကြည့်က
သူမမျက်နှာကို ဖုံးလွှမ်းသွားပါတယ်
ရုတ်​တရက်​ သူမ စိတ်​ထဲတွင်​ ထိတ်​လန့်​သွားပါတယ်
သူမက မူလပိုင်ရှင်မဟုတ်တာကို
သူသဘောပေါက်ပြီးသားလား
သိပြီးတာနဲ့ သူဘာလုပ်မှာလဲ!
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်သားက
အတူတူ အိပ်ရာဝင်ခဲ့ကြတာမလား?
စိတ်ထဲတွင် အတွေးမျိုးစုံ ပျံဝဲနေပြီး သူမ
အဖြေရှာမရခင်မှာပဲ သူက အီရန် ကို
အနည်းငယ် ခေါင်းညိတ်ပြသည်ကို သူမ
တွေ့လိုက်ရပါတယ်
သူက လက်ဆွဲအိတ်တစ်လုံးကိုကိုင်ထားပြီး
လျန်ချင်ကို နှုတ်ဆက်ပြီး
သူ့အမူအရာ မပြောင်းလဲဘဲ
"ဒီည ဒီမှာပဲနေမှာလား" လို့
တိုးတိုးလေး မေးလိုက်ပါတယ်

ကျန်းယီ ခဏမျှ အေးခဲသွားပြီး
မူလပိုင်ရှင်နှင့် သူမနှင့် အတူတူ တွေးလိုက်မိပါတယ် သူမ၏ ပါးပြင်များ နီရဲလာကာ
ခေါင်းကို အပြင်းအထန် ခါယမ်းကာ
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါပဲ..." လို့
ထိတ်လန့်တကြားနဲ့ ပြောပြီး

မူလပိုင်ရှင်မဟုတ်ကြောင်း သူတွေ့ရင် သူမကို
ဘာလုပ်မလဲ?

သူမ လက်မခံဘဲ မူလပိုင်ရှင်အမည်ဖြင့်
ဆက်လက်နေထိုင်နေမည်လား
ဘယ်လိုပဲဖြစ်ဖြစ် သူမအဆင်သင့်မဖြစ်သေးပေ

Two Mom [ Rebirth ]Where stories live. Discover now