စာစဉ် ၃၄

138 13 0
                                    


အခန်း ၃၄
အန်းရန်ဟာ ပျော်ရွှင်စွာ ဖုန်းချလိုက်ပြီး
အရုပ်တွေနဲ့ ကစားနေတဲ့ အန်းချီဆီသွားကာ
ပွေ့ဖက်လိုက်၏
ထို့နောက် အန်းချီရဲ့ မျက်နှာလေးကို
နမ်းလိုက်တယ်။
အန်းချီရဲ့ မျက်နှာလေး နီရဲသွားပြီး သူမသည်
အန်းရန်ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။
ဒါက သူမရဲ့အကိုမှဟုတ်ရဲ့လား။
သူမရဲ့အကို ဒီလောက်ထိပွင့်လင်း လာတာလဲ။
သူမကို ပွေ့ဖက်ပြီးနမ်းတောင်နမ်းလိုက်သေးတယ်။
အန်းရန် ဟာ အန်းချီရဲ့မျက်နှာလေးကို 
ဝမ်းနည်းစွာဖြင့် ထိလိုက်ပြီး
သူမ စိတ်ဆိုးမှာ စိုးရိမ်တာကြောင့်
“အကို မှုတ်ပေးမယ်နော်။ခဏနေ ကောင်းသွားမှာပါ”
လို့ချော့ပြောလိုက်တယ်။
အန်းချီကရှေ့ကိုတိုးလာပြီး
သူ့အား မကျေမနပ်ရိုက်ချလိုက်၏။ ပြီးတော့
သူမရဲ့မျက်နှာကို လက်သေးသေးလေးတွေနဲ့
ကွယ်ကာ တစ်ဖက်သို့လှည့်သွားခဲ့သည်။
သူမစိတ်တိုရင် အီရန်အား ဂရုမစိုက်ပါဘူး။
ကျန်းယီဟာ အန်းရန်ခေါ်သံကိုကြားတော့
မနက်စာပြင်ဆင်နေရင်း နှစ်ခါပြုံးလိုက်မိတယ်။

ကျန်းယီရဲ့ လေ့ကျင့်မှု ပြီးပြည့်စုံသွားခဲ့ပြီ။
သူမဟာ  ရိုးရှင်းပြီး အာဟာရပြည့်ဝတဲ့ မနက်စာကို
အမြန်ပြင်ဆင်ပြီး အန်းရန်ကိုခေါ်လိုက်တယ်။
“အန်းရန် မနက်စာစားပြီး စျေးဝယ်ထွက်ရကြမယ် ဘယ်လိုလဲ”
အန်းရန်က ကျယ်လောင်စွာ “ကောင်းပြီ”ဟု ပြန်ဖြေလိုက်သည်။
သူ အန်းချီဘက်ကို ဖင်ရွှေ့ထိုင်လိုက်ပြီး
“ညီမလေး ခဏနေကြရင် စျေးဝယ်ထွက်ကြမှာ။
ဘာလိုချင်လဲ။ကိုကို မင်းအတွက်ဝယ်ပေးဖို့
ပိုက်ဆံတွေ အများကြီးရှိတယ်”လို့ပြောလိုက်တယ်။
ရောက်လာတဲ့ကျန်းယီ အန်းရန်ကို ကြည့်ပြီး
အံ့အားသင့်နေခဲ့တယ်။အန်းရန် ဘယ်တုန်းကမှ ဒီလောက်ထိမတက်ကြွဖူးဘူး ။
မုန့်ဖိုးရမယ်ဆိုတော့ အရမ်းပျော်‌ေနတာ‌ေပါ့‌ေလ ။
သူကြီးလာရင် နှစ်သန်းမကတဲ့ အမွေကိုဆက်ခံရမှာ
ဖြစ်ပေမဲ့ သူ့အတွက်တော့
နှစ်သန်းလည်း မရေတွက်နိုင်လောက်အောင်
များတယ် ၊ သို့သော်ငြားလည်း  သူ့အဖေ ပထမဆုံး
သူ့ကိုမုန့်ဖိုးပေးခဲ့တဲ့ ပိုက်ဆံလို့တွေးပြီး
ပျော်တာတော့ အမှန်ပဲ။
“အန်းချီကို ဘာတွေတီးတိုးပြောနေတာလဲ”
လို့ကျန်းယီကော်ဇောပေါ်ထိုင်လိုက်ပြီး အန်းရန်ရဲ့
ဆံပင်တွေကို ပွတ်သပ်ပြီး စပ်စုသလိုမေးလိုက်တယ်။
အန်းရန်လှည့်လာပြီး ကျန်းယီဆီဖုန်းကို
အပ်ပြီး “ညီမလေးဘာဝယ်ချင်လဲမေးနေတာ
စျေးဝယ်ထွက်ရင် ဝယ်လို့ရတယ်လေ!!”

Two Mom [ Rebirth ]Where stories live. Discover now