အပိုင်း ၇

2.1K 307 1
                                    

Unicode

အပိုင်း ၇
ကလေးလေးတို့မေမေ
ကျန်းယီ သူမနဲ့ အီရန်ကြားက အကွာအဝေးကို လျော့ချဖို့ အပြင်းအထန်ကြိုးစားနေရသည် ။
ဒါပေမဲ့ သူမဘယ်လောက်ကြိုးစားကြိုးစား ၊ စုအီရန်က ပုံမှန်အတိုင်းမထူးခြားနားပင်ဖြစ်‌ေနသည် ။
စုအီရန်က ရံဖန်ရံခါ သူမကို လှည့်လှည့်ကြည့်ပြီး ပုံမှန်အတိုင်း အေးအေးဆေးဆေးပဲ တီဗီပြန်ကြည့်သည် ။

ဒါကြောင့် နေလည်ခင်းမှာ သူမ စုအီရန်အ‌ေပါ်ကြိုးပမ်းမှုကုန်ဆုံးသ‌ွားသည် ။ ညကျရင်တော့ စုအီရန် စိတ်ပျက်သွားအောင် မလုပ်ဖို့ ကျန်းယီ ဆုံးဖြတ်ထားသည် ။ သူက🧆 ဝက်နံရိုးချိုချဉ်ကြော်ကို ကြိုက်နှစ်သက်၏ ။ကျန်းယီ သူမအကျီလက်ကို ခေါက်တင်ပြီး ယုံကြည်မှုရှိရှိဖြင့် မီးဖိုချောင်ထဲကို လျှောက်သွားလိုက်သည် ။ စုအန်းချီလေးကလဲ သူမနှင့်အတူ လိုက်လာသည် ။ သူမမာမား၏ ခြေလှမ်းအတိုင်း လမ်းလျှောက်တွန်းလှည်းပေါ်ထိုင်ရင်း လိုက်လာသည် ။
" ဝက်နံရိုးချိုချဉ်‌ေကြာ်ပဲ ဘာခက်တာမလို့လဲ "
ကျန်းယီ တီးတိုးရွတ်ဆိုလိုက်သည် ။ သူမတစ်ယောက်တည်းနေ့တဲ့အခါတုန်းကလဲ သူမရံဖန်ရံခါ ချက်စားရသည် ။ သူမမှာ အတွေ့အကြုံရှိပါသည် ဒါပေမဲ့ သူမ အွန်လိုင်းကနေ ဝက်နံရိုးချိုချဉ်ကြော်နဲ့ ပတ်သက်ပြီး ရှာဖွေလိုက်၏ ။
သူမ ကင်မရာကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်ပြီး ပြောလိုက်၏
" စုအီရန်၏ တောင်းဆိုချက်က နည်းနည်းတော့ မြင့်တယ်လို့ ငါထင်တယ် !! ငါ့နည်းငါ့ဟန်နဲ့ချက်ရင် စားလို့မကောင်းဖြစ်မှာကို ငါစိုးရိမ်တယ် ဒါကြောင့် ငါအခု ဘိုင်ဒူအက္ပ်မှာ ရှာနေတာလေ "

" .......အရင်ဆုံး နံရိုးတွေကို သေးသေးလေးပိုင်းမယ် ၊ မိနစ်သုံးဆယ်ကြာကြာ ချက္မယ် ပြီးတော့..." တီးတိုးပြောရင်း ညွှန်ကြားချက်တွေအတိုင်း ပြင်ဆင်နေလေ၏ ။
ဝက်နံရိုးများကို ချက်ပြုတ်နေစဉ်မှာ ထမင်းချက်ရန် ဆန်ကို ဆေးလိုက်၏ ။ ထို့နောက် တရုတ်ဂေါ်ဖီထုပ်ကို ဆေးသည် ။ နေ့လည်က စုအီရန်က အစိမ်းရောင်အရွက်များ မစားချင်သည်ကို သိလိုက်ရ၏ ၊ သူက အစိမ်းရောင်အရွက်များကို မကြိုက်တာဖြစ်နိုင်၏။ သူမက အခု ရိုးရိုးရှင်းရှင်းပဲ ဂေါ်ဖီထုပ်ကို ပြောင်းလိုက်သည်။

Two Mom [ Rebirth ]Where stories live. Discover now