အခန်း ၂၅

1.7K 219 2
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်သူ - Violet M
အခန်း ၂၅

တကယ်တော့ ကျန်းယီမှာ ယုံကြည်မှုမရှိခဲ့ပေ
ဤနှစ်ရက်တာအတွင်း အီရန်က သူမကို
အလွန်အယုံအကြည်မရှိခဲ့သည့် အပြင်
သူမ၏စကားလံု‌း‌ေတွကြောင့်နေလိမ့်မှာမဟုတ်ပေ

အီရန် က သူ့လက်ကို ကိုင်ထားတဲ့ ကျန်းယီကို
ကြည့်လိုက်လေ၏
သူမ ထိတ်လန့်သလို တုန်လှုပ်‌ေန၏
ဤအခိုက်အတန့်တွင် သူရုတ်တရက်
သက်သာရာရသွားသလို
သူ့ဗလာကျင်းနေသည့် နှလုံးသားတစ်စုံဟာ
ပြည့်နှက်သွား၏
သူ့အကြည့်ကို ကျန်းယီမှ လီရှန်းနန်သို့
ပြောင်းလိုက်၏
သူ့မျက်ဝန်း‌ေတွဟာ အေးစက်နေပြီး
ဘာမှမထူးခြားပေ
လီရှန်းနန် ၏အမြင်အရ၊ သူ့ပုံစံဟာ
စုဇီရွှမ်း နှင့် အလွန်ဆင်တူပေ၏

အီရန် စကားမပြောမီ လီရှန်းနန် သည်
စစ်ပွဲတွင် အနိုင်ရသည်ဟု ခံစားခဲ့ရ၏
သူမက အီရန်ကို အချိန်အတော်ကြာ
ပြုစုစောင့်ရှောက်ခဲ့ပြီး သူ့စရိုက်ကိုကောင်းစွာသိသည်။ သူ့မှာ မိခင်တစ်ယောက်မှ မလိုအပ်သလို
မိခင်မေတ္တာလည်း မရပေ
ဆရာကြီးငယ်တစ်ဦးအနေဖြင့်
မွေးဖွားလာကာ ချမ်းသာပြီး
သူလိုချင်သည့်အရာမှန်သမျှကို ရရှိခဲ့၏
ကောင်းကင်ပေါ်က ကြယ်လေးကို လိုချင်ရင်တောင်
စု မိသားစုက သူ့အတွက် ခူးဆွတ်ပေးဖို့
နည်းလမ်းရှာလိမ့်မည် ဖြစ်၏
ကျန်းယီက သူ့ကို မတွေ့တာ နှစ်အတော်ကြာပြီ
ပြင်ပလူများမသိသော်လည်း ကျန်းယီ၏ပုံစံကို
သူ သိနိုင်မည်မဟုတ်
သူ့ပုံသဏ္ဍာန်ကို ပြန်လည်ထိန်းသိမ်းဖို့
သို့မဟုတ် သခင်ငယ်၏မျက်လုံး‌ေတွကို
တစ်ဖန်ပြန်လည်ဆွဲဆောင်ရန် ကလေး‌ေတွအား
အသုံးပြုလိုခြင်းထက် ဘာမှမပို
ဘယ်သူကထင်မှာလဲ !
" ကျွန်တော်ဒီမှာနေချင်တယ်" အီရန်
သူ့လက်နှစ်ဖက်ကို တင်ကာ လက်သီး‌ေတွကို
ဆုပ်ထားပြီး လီရှန်းနန် ကို အခိုင်အမာ
စိုက်ကြည့်နေ၏

လီရှန်းနန် အီရန် ကို ခဏလောက် ကြည့်လိုက်သည်။
ဒီလိုမျိုး သူဘယ်လိုလုပ်ပြောနိုင်တာလဲ
ကျန်းယီက သူ့နှလုံးသားထဲမှာ
ဘယ်အချိန်ကတည်းက အရေးကြီးသွားတာလဲ
သူမ လှေကားက ‌ေနဆင်းကာ အီရန်
ထံရောက်လာပြီး
"အီရန်၊ မင်းဘာတွေပြောနေတာလဲ"
ဟု မယုံနိုင်လောက်အောင် မေးလိုက်၏။
ကျန်းယီက အန်းချီကို ကိုင်ထားပြီး
"လက်ထောက် လီ သူ့နားကို စစ်ဆေးဖို့
လိုနေပုံရတယ်ထင်ပါရဲ့
ရှင်းရှင်းလင်းလင်း မကြားရတဲ့အတွက်
အီရန်အတွက် ထပ်ပြော‌ေပးမယ်‌ေနာ်
သူဒီမှာနေချင်တယ်လို့ပြောတော့-"
ကျန်းယီက အန်းချီ ကို လက်တစ်ဖက်နဲ့
လှည့်လိုက်တယ်။
သူမကို တည်ငြိမ်စွာ ဆုပ်ကိုင်ထားပြီးနောက်
လက်ဗလာက အီရန်၏ လက်လေးကို
ဆုပ်ကိုင်ထား၏။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်
ကြည့်ကာ တစ်ခုခုသေချာနေသလို ပြုံးလိုက်ကြ၏။ သူမ အီရန်၏လက်ကိုဆွဲကိုင်လိုက်ပြီး
"လက်ထောက်လီ၊ ပြန်လိုက်ပါတော့
အီရန်က ကျန်မနဲ့အတူနေမယ်တဲ့ "

Two Mom [ Rebirth ]Where stories live. Discover now