အခန်း ၁၅

2K 251 5
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ - Violet M
အခန်း ၁၅

နမ်ရှီက သူမရဲ့ ဗီလာနှင့် သိပ်မဝေးလှပေ
မြို့တော်ဟု ခေါ်ဆိုကြသော်လည်း နမ်ရှီက အသက်နေဝင်တဲ့ လမ်းလေးဖြစ်ပါတယ်
ယနေ့ခေတ်မှာ ဒါက အရမ်းကို ထူးခြားပါတယ်

ကျန်းယီ စိတ်ထဲမှာ တစ်ခုခု လင်းလက်သွားပါတယ်
ဒါပေမဲ့ သူမ ဖမ်းချင်တဲ့အခါ ပျောက်သွားတယ်
သူမ ခေါင်းကို ခါလိုက်ပါတယ်
ဒါက ကြီးကြီးမားမားအကြံအစည်တော့ မဖြစ်သင့်ပေ

မကြာခင်မှာပဲ ကျန်းဟွမ်းလင် ပြောတဲ့ ကော်ဖီဆိုင်ကို သူမရောက်လာတယ်
မြို့လယ်ခေါင်ကို ဖြတ်ပြီး ကော်ဖီဆိုင်လေးက မြို့စွမ်မှာ တည်ရှိနေပါတယ်

ကျန်းယီက စုအန်းချီ ကို ချီပြီး ကားပေါ်မှ ဦးစွာ ထွက်ခဲ့ပါတဘ်
သူမ လက်ကို စုအီရန် ဆီ ဆန့်တန်းပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေပါတယ်
ကျန်းယီက ဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ့လက်ဖဝါးကို တိုက်ရိုက်ကိုင်လိုက်ပြီး
"ကလေးတွေ ထွက်လာရင် မိဘတွေလက်ကို ကိုင်ထားရမယ်"
လို့ပြောလိုက်ပါတယ်

လမ်းဘေးမှာ ကလေးတစ်ယောက်ကို ကိုင်ထားတဲ့ မိခင်တစ်ယောက်ရှိနေပါတယ်

စုအီရန်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး စကားမပြောသလို
ငြင်းဆန်းခြင်းလည်း မရှိပေ

စုအန်းချီကို ချီထားတဲ့ ကျန်းယီက စုအီရန် ကို ကော်ဖီဆိုင်ဆီသို့ ခေါ်သွားပါတယ်

ကော်ဖီဆိုင်ကို ဆန်းသစ်စွာ အလှဆင်ထားပါတယ်
လေအေးပေးစက်ကို အပြည့်အဝဖွင့်ထားပြီး အဲဒီမှာ အအေးဓာတ်လည်း
ရှိနေပါတယ်

"ဒီမှာ ဒီမှာ!" ကျန်းဟွမ်းလင်က သူမကိုမြင်ပြီး မတ်တပ်ထရပ်လိုက်ပါတယ် ကံကောင်းထောက်မစွာ ကော်ဖီဆိုင်မှာ လူတွေအများကြီးမရှိပေ
ဘယ်သူကမှ ထင်မြင်ချက်မရှိကြဘူး
တချို့က မျက်မှောင်ကြုတ်ပြီး ခေါင်းငုံ့ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြပါတယ်

ကျန်းယီက စုအီရန် ၏လက်ကို လွှတ်လိုက်ပြီး နေကာမျက်မှန်ကို
ခေါင်းပေါ်ပင့်တင်လိုက်ပါတယ်
ထို့နောက် သူမက စုအီရန် ၏လက်ကိုဆွဲကာ သူမရဲ့ ဦးတည်ရာဆီသို့
လျှောက်သွားလိုက်ပါတယ်

Two Mom [ Rebirth ]Kde žijí příběhy. Začni objevovat