အခန်း ၆၈

731 94 0
                                    

Two mother
Translator - Lilac M
အခန်း (၆၈)

"ကျန်းယီ" နားလည်ရခက်သွားသည်။ သူမက "လီကျဲယာ"နဲ့ ဘာဖြစ်ရမှာလဲ။

"အစ်မထောင်' ဘာတွေပြောနေတာလဲ ကျွန်မနားမလည်ဘူး"

"ကျန်းယီ"က "စုအန်းချီ"ကို သွားကြည့်ထားဖို့ "စုအန်းရန်"ကို မှာလိုက်ပြီး သူမ call ကို နားထောင်လို့မရအောင် ကင်မရာတွေမရှိတဲ့နေရာဆီကို ထွက်လာလိုက်သည်။

သူမစိတ်ထဲ စနိုးစနောင့်ဖြစ်နေသည်။ သူမ "လီကျဲယာ"နဲ့ မရင်းနှီးပါဘဲနဲ့ နှစ်ယောက်သား ပတ်သက်စရာအကြောင်းလည်းမရှိ။

အစ်မထောင်'ကတော့ သံထည်က သံမဏိမဟုတ်လို့ ဒေါသဖြစ်နေသည်။ သူမ ဖုန်းထဲကနေ ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ "နားမလည်ဘူးလား ငါပြောတာက ယီ၊ နင်ဘာလို့မစဉ်းစားမဆင်ခြင်ဘဲလုပ်ရတာလဲ နင့်မှာကလေးနှစ်ယောက်ရှိသေးတာရော သတိရသေးရဲ့လား နင် ..."

"နေပါဦး ဘာဖြစ်တာလဲမပြောဘဲနဲ့ အပြစ်ပဲဖို့နေပါရောလား အစ်မထောင်' ပြောစမ်းပါ ဘာဖြစ်လို့လဲ" "ကျန်းယီ" စကားဖြတ်ပြောလိုက်သည်။

အစ်မထောင်' ခဏမှင်တက်မိသွားသည်။ "လီကျဲယာနဲ့ ဘယ်တုန်းက စာကြည့်တိုက်ကိုသွားလိုက်တာလဲ နင်တို့ကိုဓာတ်ပုံလည်းရိုက်ထားကြ‌သေးတယ် လူတွေအင်တာနက်ပေါ်မှာ ဘာတွေပြောနေကြလဲသိလား နင့်မှာကလေးနှစ်ယောက်လည်းရှိရဲ့သားနဲ့ အပြင်ထွက်ပြီးခြေပုန်းခုတ်နေတယ်တဲ့ ဒါတောင်နားမလည်သေးဘူးဆိုရင် လိုင်းပေါ်တက်ကြည့်လိုက် သ‌ဘောပေါက်သွားလိမ့်မယ် နင်ဟာလေ အမြဲတမ်း ငါ့ကိုဒုက္ခပေးနေတော့တာပဲ ..."

အစ်မ'ထောင်' ဆူပူပြောဆိုပြီး ဖုန်းချလိုက်သည်။ ပြီးတော့ "ကျန်းယီ"ဆီကို link ပို့လိုက်သည်။

"ကျန်းယီ" ၀င်ကြည့်လိုက်တော့ Weibo မှာ ကောလဟာလတွေပြန့်နေသည်။ ပုံတစ်ပုံတွေ့တော့ သူမ ပုံကိုနှိပ်ကြည့်လိုက်သည်။ အမှန်တကယ်ပဲ သူမနဲ့ "လီကျဲယာ" ကားပါကင်ကနေ စာကြည့်တိုက်ထဲ၀င်သွားပြီး စာကြည့်တိုက်ထဲ တီးတိုးပြောနေတဲ့ပုံတွေဖြစ်သည်။

Angle ယူထားတဲ့ပုံက မသိရင် သူတို့နှစ်ယောက် မေတ္တာသက်၀င်နေတဲ့အကြည့်တွေနဲ့ ကြည့်နေကြသလိုဖြစ်နေသည်။ နှစ်ယောက်သား ပြောစရာမလိုဘဲ အချင်းချင်းနားလည်နေကြတဲ့ပုံစံမျိုးနဲ့ ခေါင်းငုံ့ထားကြပြီး စာအုပ်တစ်အုပ်တည်းကို အတူတူကြည့်နေကြတဲ့ပုံ။ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေကလည်း နီးကပ်လွန်းနေပြီး ဓာတ်ပုံရိုက်တဲ့သူက filter သုံးထားတော့ ပုံကြီးက ဟိုလိုလိုဒီလိုလိုနဲ့ စဉ်းစားစရာဖြစ်နေသည်။

Two Mom [ Rebirth ]Where stories live. Discover now