အခန်း ၈၉

1K 90 1
                                    

အခန်း ၈၉

ကျန်းယီက သူမကို ပြန်ပြုံးပြပြီး
"ငါက ဟင်းချက်မတတ်ဘူး
ဒါတောင် ခက်ခက်ခဲခဲ လေ့လာနေရတာ
နည်းလမ်းလေးတွေရှိရင် ပြောပြပါအံုး
မှတ်ထားပြီး နောက်တစ်ခါ သုံးလို့ရတာပေါ့ "

"မင်း ဒါကို အလေးအနက်ထားနေတာ ကောင်းပါတယ်
ရီ၊ အမေက ဒီလောက်ကြီးမားတဲ့ ပြောင်းလဲသွားလိမ့်မယ်လို့
မထင်ထားဘူး "

ကျန်းယီ က ညည်းညူလိုက်တယ် ။ သူ့သမီးမဟုတ်ကြောင်းကို သူရှာတွေ့ခဲ့တာများလား !?

သူမကို ပြုံးပြပြီး "လူတွေက အမြဲတမ်း ပြောင်းလဲပြီးရင်းပြောင်းလဲနေတာမလား အဲ့လိုပဲ
ကမ္ဘာကြီးကလည်း အချိန်တိုင်း ပြောင်းလဲနေတာ‌ပဲလေ " လို့ ပေါ့ပေါ့ပါးပါး ပြောခဲ့ပါတယ်
အန်းချီ စိတ်မရှည်တာကြာ‌နေ ပါပြီ

သူမက ပန်းကန်ကို ခေါက်ပြီး "အမေ
ထမင်း အမေ ထမင်း" လို့ အော်ဟစ်လိုက်တယ်

"ကောင်းပြီ၊ လာ " ကျန်းယီသည် သူမ၏ လှုပ်ရှားမှုကို အရှိန်မြှင့်လိုက်ပြီး ခေါက်ဆွဲကို ကလေးပန်းကန်များထဲသို့ ခွဲလိုက်၏

အီရန် က မြိန်ရေရှက်ရေ စားတယ် ။ ကျန်းယီက ဝမ်းသာအားရဖြင့် မေးစေ့
ထောက်ကာ "ဘယ်လိုလဲ? အရသာရှိလားဟင်?"

အီရန် က ဝမ်းသာအားရ ခေါင်းညိတ်ကာ
"အရသာရှိလိုက်တာ" သူလုပ်ထားတဲ့ ခေါက်ဆွဲက ပိုအရသာရှိတယ်

ရုတ်တရက် အီရန်သည် ကျန်းယီကိုကြည့်ကာ
ဝမ်းနည်းစွာပြောလိုက်၏
"အဖေရှိနေရင်သိပ်ကောင်းမှာပဲ "

ကျန်းယီနဲ့ ဝေကျားက တစ်ယောက်ကို
တစ်ယောက် ကြည့်ပြီး "မင်း ရုတ်တရတ်
အဖေ့ကို ဘာလို့ပြောတာလဲ
အီရန် အဖေကို လွမ်းနေသလား"

"ဟုတ်ကဲ့" အီရန်က ခေါင်းငုံ့ပြီး "အဖေက
ငါတို့နဲ့ဘာလို့ အတူမရှိရတာလဲ"

"အဖေ အလုပ်ရှုပ်နေတယ် အီရန် က အဖေကို
တွေ့ချင်တယ်ဆိုရင်..." ကျန်းယီခဏလောက် စဉ်းစားပြီး "မင်းဖေဖေ့ ကုမ္ပဏီကို သွားကြည့်ရအောင်"

အီရန် က ကျန်းယီကို အံ့အားသင့်စွာကြည့်ကာ
"တကယ် အဲ့လိုရလား " သူ့အဖေ စိတ်ဆိုးမှာလား !?

Two Mom [ Rebirth ]Where stories live. Discover now