အခန်း ၆၅

993 119 6
                                    

Unicode

Chapter 65

အင်တာနက်ပေါ်ကလူတွေအားလုံး သူမကိုသရော်ကြ လူတိုင်း "ကျတယ် ကျန်းယီ"ကို ပုံကြီးချဲ့ပြီး အပြစ်ရှာနေကြသလို။
"ရှောင်လိ" တော်တော်အံ့ဩမိတယ် ဘာပဲဖြစ်ဖြစ် တကယ်တမ်း သူတို့ကြားက ဆက်ဆံရေးအဆင်မပြေရင်တောင် တဖြည်းဖြည်းနဲ့တော့ တိုးတက်ကောင်းမွန်လာနိုင်တာပဲလေ။ "ကျန်းယီ"က သူမနဲ့ ကလေးနှစ်ယောက် ပိုပြီးရင်းနှီးလာစေဖို့ အစွမ်းကုန်ကြိုးစားနေတဲ့အပြင် ဂရုလည်းစိုက်မှန်း သူမ သေချာသိတယ် မြင်တယ်
အွန်လိုင်းပေါ်က ဝေဖန်ချက်တွေက အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် တစ်ဖက်သတ်အမြင်သာဖြစ်၏။ တစ်ယောက်ကတစ်မျိုးစပြောရင် ကျန်သူတွေလည်း လိုက်ယောင်တော့သည်။
"ရှောင်လိ" Weibo ထဲ ၀င်ကြည့်တော့လည်း official blog မှာလို comment တွေက အတူတူပင်။ သူမကို အစီအစဉ်ကနေ မြန်မြန်ထွက်ဖို့၊ show ကို နာမည်ပျက်အောင်မလုပ်ဖို့ စသဖြင့် ပိုပြီးတော့တောင်ပြင်းထန်‌တဲ့ စကားလုံးတွေနဲ့ ပြောဆိုထားကြသည်။
"ရှောင်လိ" ခဏစဉ်းစားလိုက်ပြီး အဲ့ဒီ comment အောက်မှာ ရေးလိုက်သည်။
"ကျန်းယီသရုပ်ဆောင်တာ သိပ်မကောင်းဘူးဆိုရင်တောင် သူ့ရည်ရွယ်ချက်ကိုတော့ နားလည်နိုင်ပါတယ် မိခင်တစ်ယောက်ဖြစ်ဖို့ သူကြိုးစားသင်ယူနေတာလေ ဒီ show ရဲ့ ရည်ရွယ်ချက်ကိုက ဆယ်လီတွေကို မိခင်အနေနဲ့ သရုပ်ဖော်ပြတာထားတာကို ပရိသတ်ကို ကြည့်စေချင်လို့ ချပြတာပဲလေ လူတိုင်းသာ မိခင်ကောင်းတွေချည်းဖြစ်နေရင် ဒီ show တောင် လုပ်ဖို့မလိုဘူး ပိုဆိုးတာက တချို့မိဘတွေဆို သားသမီးအပေါ် နွေးနွေးထွေးထွေးမရှိကြဘူး"
Send button ကို နှိပ်လိုက်သည်။
ဘာမှမလုပ်နိုင်ပေမယ့် "ရှောင်လိ" ၀မ်းသာမိသည်။ သူမပြောချင်တာ ပြောလိုက်ရပြီလေ။
ဘော့စ်"အန်း"ရဲ့ fan တစ်ယောက်အနေနဲ့ "ကျန်းယီ"ဟာ သူမကို ဆုံးရှုံးခံမှာမဟုတ်မှန်း သူမ ယုံကြည်သည်။
အစီအစဉ်ထုတ်လွှင့်တုန်းက "ကျန်းယီ" ကြည့်ဖို့ အချိန်မရလိုက်။ "ဒါဟား" နဲ့ "ပိုင်လျန်" အတွက် အိမ်လုပ်ပေးနေသည်။ ဒါကြောင့် အင်တာနက်ပေါ်က မုန်တိုင်းတွေအကြောင်း သူမ မသိခဲ့။
"ပိုင်လျန်" ဗီလာကို ရောက်လာပြီးကတည်းက အိပ်ချိန်ကလွဲပြီး "စုအန်းရန်" သူမအနားကမခွာ။ ဘယ်သွားသွား "ပိုင်လျန်"ကို ချီထားသည်။
"စုအန်းချီ"ကတော့ "ဒါဟား"နဲ့ မတည့်အတူနေသူငယ်ချင်းတွေဖြစ်ကြသည်။ ဘယ်တော့ဖြစ်ဖြစ် သူတို့နှစ်ယောက် မမောနိုင်မပမ်းနိုင် ဆော့ကြသည်။
မနေ့ညက အချိန်မရှိတော့လို့ ခွေးအိမ်မလုပ်ပေးဖြစ်။ "ကျန်းယီ"လည်း "ပိုင်လျန်"ကို "စုအန်းရန်" အခန်းမှာအိပ်စေပြီး "တာ့ဟား"ကတော့ သတိရှိရှိနဲ့ သူမနောက်ကလိုက်လာပြီး ကော်ဇောပေါ်မှာအိပ်သည်။
မကြာမကြာ "ကျန်းယီ" သူမကို ထားသွားမှာစိုးသည့်အလား မျက်၀န်းစိုစိုလေးတွေနဲ့ ကြည့်တတ်ပါသေးတယ်
"စုအန်းချီ" သူမကို ခေါ်တာကြားရင် ပျင်းတိပျင်းရွဲနဲ့ အမြီးလေးနှံ့ပြတယ် "ကျန်းယီ" ခေါ်သံကြားရင်တော့ ချက်ချင်း စိတ်တွေလှုပ်ရှားပြီး မတ်တပ်ထရပ်လိုက်တယ်
"ကျန်းယီ" လက်ဟန်ခြေဟန်ပြတဲ့အတိုင်း သူမ မြေကြီးပေါ်လူးလှိမ့်‌ပြီး ချီးကျူးခိုင်းတဲ့အမူအရာမျိုးလေးနဲ့ မတ်တပ်ရပ်ပြသည်။
"စုအန်းချီ" မြင်သွားတော့ သူမ ခုံပေါ်ကျော်တက်ပြီး တင်တက်ကြွကြွပြေးလာသည်။ သူမ "ကျန်းယီ"ကို လက်ထောင်ပြလိုက်ပြီး "မေမေ" လို့ ခေါ်လိုက်သည်။
"ကျန်းယီ" ကစားနေတာရပ်လိုက်ပြီး ချစ်စရာ "စုအန်းချီ"လေးကို လှည့်ကြည့်လိုက်သည်။ "အန်းချီလေးလည်း ဆော့ချင်တာလား"
"စုအန်းချီ"က တံတွေးမြိုချလိုက်ပြီး တောက်ပတဲ့မျက်လုံးတွေနဲ့ "တာ့ဟား"ကို ကြည့်လိုက်သည်။ "ဆော့မယ်"
"ကောင်းပြီ၊ မေမေ သမီးကို သင်ပေးမယ်"
"ကျန်းယီ" အမူအရာတစ်ခုလုပ်ပြတော့ "စုအန်းချီ" ချက်ချင်းလိုက်လုပ်တတ်သွားပြီး "ဒါဟား"ကို လက်ဝှေ့ယမ်းပြသည်။ ဒါပေမယ့် "ဒါဟား"ကတော့ အရေးမစိုက်ပေ
"ဒါ ဟား"က "ကျန်းယီ"ကို လှည့်ကြည့်လိုက်တော့ သူမ ဒီအကြည့်ကို နားလည်သည်။ သူမက သိပ်မရင်းနှီးတဲ့သူဆို ဂရုမစိုက်တတ်။ ဒီတော့ "ကျန်းယီ"က ပြောလိုက်သည်။ "ဒါ ဟား၊ ဒါ သမီးရဲ့ သခင်မလေးပဲ ဟုတ်ပြီလား"
ဘာပြောမှန်းနားမလည်တဲ့ပုံစံနဲ့ "ကျန်းယီ"ကို ကြည့်ပြီး သူမပြောတာ စဉ်းစားနေဟန်နဲ့ ခေါင်းကိုစောင်းထားသည်။
"ကျန်းယီ" ထပ်ပြောသည်။ "ဒါက သခင်မလေးလေ သမီးရဲ့ ... နားလည်လား"
တစ်ခွန်းနှစ်ခွန်းလောက်ထပ်ပြောအပြီးမှာတော့ "တာ့ဟား" နားလည်သွားပုံရသည်။ အဲ့ဒီအချိန်ကလို့ သူမ "စုအန်းချီ"နောက် တကောက်ကောက်လိုက်နေတော့သည်။ စကားမပြောတတ်တဲ့ ချစ်စရာလေးနှစ်ယောက် သဟဇာတဖြစ်နေကြ၏။
"ဒါဟား"ကို "စုအန်းချီ"နဲ့ ပေးဆော့ထားပြီး "ကျန်းယီ"က "စုအန်းရန်"ကို "ပိုင်လျန်"ကို ခဏချထားဖို့ပြောလိုက်သည်။ ပြီးတော့ ဂိုဒေါင်ထဲက သစ်သားတွေ ယူလာပေးဖို့လည်း မှာလိုက်သည်။ "ဒါဟား" နဲ့ "ပိုင်လျန်"အတွက် သူမကိုယ်တိုင် အိမ်ဆောက်ပေးဖို့ အစီအစဉ်ချထားသည်။
စာရွက်ဖြူပေါ်မှာ သူမစိတ်ကူးထားတဲ့ တဲအိမ်လေးကို ပုံကြမ်းဆွဲပြီးနောက် "စုအန်းရန်"ကို ဘောင်းဘီသိုင်းကြိုးလေး လဲ၀တ်ပေးလိုက်သည်။ သူသည် ဆေးသုတ်သမားပေါက်စလေးလို လက်အိတ်အထူ၊ နှာခေါင်းစည်းလေးနဲ့ ဦးထုပ်လေးလည်းဆောင်းထားသည်။ သူမ လိုအပ်တဲ့ပစ္စည်းတွေရှာဖို့ ဗီလာရဲ့ဂိုဒေါင်ကို သူ့ပါခေါ်သွားသည်။ဗီလာဂိုဒေါင်ထဲကနေ တူတစ်ချောင်းနဲ့ ပျဉ်ပြားတွေ၊ လွှ၊ သံအမျိုးမျိုး၊ သုတ်ဆေးတွေနဲ့ သစ်သားပေတံတွေရလာပြီး သူတို့နှစ်ယောက် အဲ့ဒီပစ္စည်းတွေကို ခြံထဲကိုသယ်လာကြသည်။ နှစ်ယောက်စလုံးမောနေကြပေမယ့် အလုပ်ဆက်လုပ်ဖို့ပြင်ကြသည်။ "ကျန်းယီ"က အမဲဆီပေနေတဲ့လက်နဲ့ "စုအန်းရန်" မျက်နှာကို သုတ်လိုက်တယ်
သူ့ရဲ့ ကြောင်ပချီးရုပ်ကလေးလို မျက်နှာလေးကိုကြည့်ပြီး "ကျန်းယီ" ရယ်မိပါတယ်
"စုအန်းရန်"က သူမကို မကျေမနပ်ဖြစ်ပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ သူ နှာခေါင်းစည်းကိုချွတ်လိုက်တော့ အမည်းရောင်တွေက သူ့နှာခေါင်းနားမှာ ကြောင်နှုတ်ခမ်းမွေးလို စွန်းနေသည်။
"စုအန်းရန်၊ သားပုံစံက တကယ် ပိုင်လျန်နဲ့တူတယ်" "ကျန်းယီ"က ပြောလိုက်၏။ သူမအိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး "စုအန်းရန်"ကို ဓာတ်ပုံရိုက်လိုက်သည်။ "ဟုတ်ပြီ ဒီကိုကြည့်မယ် __"
သူမရိုက်လိုက်တဲ့ပုံကို "စုအန်းရန်"ကို ပြသည်။ သူ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူ ဖုန်းကိုအမြန်ဆွဲယူဖို့လုပ်တော့ "ကျန်းယီ"က လက်ကိုအမြန်ရုပ်လိုက်ပြီး အပေါ်ကိုမြှောက်လိုက်သည်။ သူမက သူ့ကို မော်မော်ကြွားကြွားနဲ့ကြည့်လိုက်၏။ "အခု ယူလို့မရတော့ဘူး"
မျက်လုံးမှေးမှေးနဲ့ "စုအန်းရန်" သူမကို ဝံပုလွေဆိုးတစ်ကောင်လို ကြည့်လိုက်ပါတယ် ။ သူ့ညာခြေထောက်ကို နောက်ကိုဆုတ်ထားလိုက်ပြီး အားနဲ့မာန်နဲ့ ခုန်အုပ်တော့မလို သူ့လက်တွေကို ပြေးတော့မယ့်ပုံ ဟန်ပြင်ထားသည်။ သူ "ကျန်းယီ" ခန္ဓာကိုယ်ပေါ် ချက်ချင်းပြေးခုန်လိုက်ပြီး သူမလက်တွေကို မြဲမြဲဖမ်းဆွဲထားရင်း ပြုံးလိုက်သည်။ "မိပြီ"

Two Mom [ Rebirth ]Where stories live. Discover now