အခန်း ၁၇

1.7K 257 5
                                    

Unicode

ကလေးလေးတို့မေမေ
ဘာသာပြန်စာရေးသူ- VioletM
အခန်း ၁၇

ကျန်းယီက သူမ၏လက်ကို ဖယ်လိုက်ပြီး ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပါတယ်
ရှောင်လီ ဦးဆောင်တဲ့ လမ်းလျှောက်သူတွေဟာ
အဝေးသို့ ထွက်ခွာသွားကြသော်လည်း လေထဲတွင်
ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နေပုံရပါတယ်

ကော်ဖီခွက်က စားပွဲပေါ်က ပြုတ်ကျသွားတယ်
ကျန်းဟွမ်းလင် က ဒါကို အရင်ဆုံး သတိထားမိတယ်
သူမ မျက်မှောင်ကြုတ်ကာ စားပွဲပေါ်မှ စက္ကူပုဝါတစ်ထည်ကို ထုတ်ယူလိုက်ပါတယ်

ဆန့်ကျင်ဘက်အခြမ်းမှာ ထိုင်နေတဲ့ စုအီရန်က သူ့မမျက်လုံးထဲက
မျက်ရည်စတွေကို ကြည့်လိုက်တယ်
ကျန်းယီ စိတ်ဆိုးသွားပါတယ်
ဒီအမျိုးသမီးက ဘယ်သူလဲ ?
ဒီအမျိုးသမီးက သူ့အမေ့ကို ဝမ်းနည်းသွားအောင် လုပ်တယ်

သူ ဒီမနက်က အကြောင်းကို တွေးပြီး သူမ မျက်ရည်စတွေကို
တိတ်တဆိတ် သုတ်ပေးဖို့ သူ ဘာပြောမှန်း မသိဘူး
သူ့နှလုံးသားထဲမှာ ဒေါသတွေ တဟုန်းဟုန်း ထွက်ပေါ်လာပါတယ်
သူ့မမျက်ဝန်းထဲမှာ မျက်ရည်တွေဆိုတာ မရှိသင့်ဘူး

အဲဒီမှာ ဘာရှိသင့်သလဲ ဆိုတာကိုတော့ သူ မတွေးခဲ့မိဘူး။

စုအန်းချီက အမြဲတမ်း အလွန်အကဲဆတ်တယ်
သူ့မအမေ စိတ်တွေပြောင်းလာတာနဲ့အမျှ သူမ စိတ်မသက်မသာဖြစ်သွားတယ်
ဒီတစ်ကြိမ်လည်း သူမခန္ဓာကိုယ်ကို လိမ်လိုက်ကာ နောက်ဆုံးမှာတော့
ကျန်းယီကို တိုက်ရိုက် ရင်ဆိုင်ခဲ့ပါတယ်
သူမရဲ့ ဖောင်းကစ်ကစ် လက်ကလေးက ဆန့်ထုတ်ကာ
ကျန်းယီရဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်ရင်း "မား ?"

စုအီရန် ၏ မျက်လုံးများဟာ ကျန်းယီ ရဲ့ မျက်နှာပေါ်သို့ ကျရောက်သွားပါတယ်
သူ့အမူအရာက တင်းမာနေတယ်
မျက်ခုံးတွန့်သွားကာ အနည်းငယ် ရှုံ့တွနေသော မျက်နှာငယ်လေးဟာ
နားမလည်နိုင်စွာ စိတ်ပူနေပုံရပါတယ်

ပြတင်းပေါက်အပြင်ဘက်ရှိလူများသည် တဖြည်းဖြည်းဝေးသွားကြပြီး
ကျန်းယီ ဟာ သူမ၏အကြည့်ကို ပြန်ရုတ်လိုက်ပြီး ယုမန်းမြောင် က သူမရှေ့မှာ ဝမ်းနည်းသောအမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရပါတယ်
သူမငြင်းဆန်မှုကြောင့် ရှုံးနိမ့်မှုပေါ်မှာ မတ်တပ်ရပ်နေသလိုပါပဲ
သူမ၏ ပိန်ပါးတဲ့ ခန္ဓာကိုယ်ဟာ လေထဲတွင် လွင့်နေတဲ့ ပန်းတစ်ပွင့်နှင့် တူလှတယ်
အဖြူရောင်ပန်းပွင့်လေးတွေက နူးညံ့ပြီး လှတယ်

Two Mom [ Rebirth ]Where stories live. Discover now