အခန်း ၈

2.1K 300 8
                                    

Unicode

အမည် - ကလေးလေးတို့မေမေ
ဘာသာပြန်သူ - Violet M
အခန်း ၈

ကျန်းယီ က သူ့ကို မျှော်လင့်တကြီး ကြည့်နေသည် ။ သူက ခေါင်းငုံ့ပြီး လက်ချောင်းတွေကို ဂနာမငြိမ်ဘဲ ပွတ်သပ်ရင်း "အပြာ‌ေရာင်ကိုမဟုတ်ဘူး" ဟု တီးတိုးတီးတိုးပြောလိုက်သည်။

"အပြာ‌ေရာင်မဟုတ်ဘူးလား?" ကျန်းယီသည် သူမ၏လက်ထဲတွင်ရှိသော အပြာရောင်ညဝတ်အကျီကို ထပ်ခါတလဲလဲကြည့်နေသည်။
ဒီနေ့ အပြာရောင် ည၀တ်အကျီကို သူမဝတ်ချင်ဘူးလို့ ပြောနေတာလား?
ကျန်းယီသည် ဗီရိုထဲတွင် ရောင်စုံညဝတ်အကျီများစွာကို တွေ့လိုက်ရသောအခါ ရုတ်တရက် သူမ နားလည်သ ‌ေဘာ‌ေပါက်သွားသည်။
"ဒီနေ့ သား အပြာရောင်မဝတ်ဘူးပေါ့ "
စုအီရန် က ညင်သာစွာ ခေါင်းညိတ်ပြီး "ဟုတ်ကဲ့" အလင်းရောင်အောက်တွင် ဖြူဖွေးတောက်ပနေသောသူ၏ နို့နှစ်‌ေရာင်အသားအရည်‌ေလးက အလွန်ချစ်စရာကောင်းလှသည်။
ကျန်းယီသည် ရယ်မောပြီး ကူကယ်ရာမဲ့စွာ ပြန်မေးတော့ "ဒါဆို သား ဘာအရောင်ဝတ်ချင်တာလဲ မားကိုပြော၊ မားက သူ့အတွက် ထုတ်ပေးမယ် "
ခဏလောက်စဉ်းစားပြီးမှ သူမထပ်‌ေပြာသည် "ထားလိုက်တော့ မား သားကို အဲ့နေရာ လိုက်ပို့ပေးမယ် သား ဒီမှာဒီတိုင်းနေရင် အေးစက်နေလိမ့်မယ် "
အဲဒါနဲ့ သူမသည် ပုခက်ထဲမှာရှိ‌ေနတဲ့ စုအန်းချီ ကို ငုံ့နမ်းလိုက်ပြီး " ပေါင်ပေ့လေ အန်းချီလေး မားက ပေါင်ပေ့ရဲ့ ကိုကို ကို အဝတ်အစားဝတ်ဖို့ ခေါ်သွားအုံးမယ် ပြီးရင် ချက်ချင်းပြန်ခဲ့မယ် ။ ခဏစောင့်နေအုံး "

စုအန်းချီ သည် သူ့မအမေ‌ေပြာတာ ကြားသောအခါ သူမ‌ေလးသည် သူ့မအမေထံသွားချင်သည်။ သူမလေးသည် ဗလုံးဗထွေးပြောပြီး ပွေ့ဖက်ချင်သလို မော့ကြည့်
သည်
ကျန်းယီသည် သူမ၏လက်ကလေးကို လှုပ်ယမ်းကာ သူမ၏မျက်နှာလေးကို နမ်းလိုက်ပြီး "မား ခနနေ ပြန်လာမှာပါ"

ထို့နောက် သူမသည် စုအီရန်ကို ရေချိုးဝတ်စုံဖြင့် အလျင်အမြန် ထုပ်ပိုး၊ ပွေ့ဖက်ကာ အခန်းထဲသို့ ပြေးသွားခဲ့သည်။ သူမက ဗီရိုကို ညွှန်ပြပြီး "ဒီနေ့ ဘာအရောင်လဲ" လို့ မေးလိုက်သည်

Two Mom [ Rebirth ]Where stories live. Discover now