အခန်း ၅၀

1.2K 143 0
                                    

Unicode

Two mother
Translator - Violet M
အခန်း ၅၀

ကျန်းယီ သည် အန်းချီကို ချီကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်နှင့်
အန်းချီဟာ ချက်ချင်းပင် မငိုတော့ပေ

ကျန်းယီ ရယ်လိုက်ရင်း တံခါးဝတွင် သူမသည် အနေအထိုင်ပြောင်းကာ မျက်နှာချင်းဆိုင်လိုက်၏
အခုမှ အရမ်းငိုနေတာပဲ
သူ့မနှာခေါင်းက နီရဲနေပြီး အနည်းငယ်သနားစရာကောင်းနေ၏
ကျန်းယီ က နှာခေါင်းလေးကို ညှစ်လိုက်ပြီး
"မင်း သနားချင်ယောင်ဆောင်နေသေးတာလားဟမ် ?
မင်းက အမေ့ကို လုံးဝ မျက်နှာမပြ‌တော့ဘူးလား ဒီကောင်မလေး ဆိုးနေတယ်နော် ! "
"မေမေ!" အန်းချီ ၏ မျက်ဝန်း‌တွေက မျက်ရည်များ စီးကျလာ၏
သူမ၏မျက်လုံးများက ကျန်းယီ ၏ရုပ်သွင်ကို ရောင်ပြန်ဟပ်နေသည့် မှန်တစ်ချပ်လိုပင် သို့သော် ကျန်းယီက သူမအား ဘယ်လိုလုပ် လှည့်စား နိုင်မှာပဲ
"ဘာလို့ အခုမှ ငိုရတာလဲ ဟမ်? ထိခိုက်မိလို့လားဟမ် " စုအန်းချီက အခန်းကို လက်ညှိုးထိုးပြပြီး
" ကိုကို " လို့ မေးလိုက်၏
"ကိုကိုက သူ့သွားတွေကို စစ်ဆေးနေတယ်
အစ်ကို့ကို ဘာ‌ပြောချင်တာလဲ "
ကျန်းယီ က သူမကို နားမလည်တာကို အန်းချီ မြင်လိုက်တယ်
သူမ ခန္ဓာကိုယ်ကို လိမ်ပြီး လက်နှစ်ဖက်မှ အောက်သို့ လျှောကျသွား၏
မတည်မငြိမ် ခြေလှမ်းများဖြင့် အခန်းထဲသို့ ဝင်လာခဲ့၏

တံခါးဝကိုရောက်တာနဲ့ သူမ ကျန်းယီ ကိုပြန်ကြည့်ကာ "မေမေ!" ကျန်းယီ က
ရှေ့ကို လှမ်းပြီး သူမကို ပွေ့ဖက်လိုက်ပြီး " မင်းဘာလုပ်ချင်နေတာလဲ !
ဒေါက်တာအန်ကယ်က အစ်ကိုကြီးရဲ့ သွားတွေကို စစ်ဆေးနေတယ်တဲ့
အစ်ကိုကြီးကို ဘာလုပ်မလို့လဲ "
အန်းချီ က အခန်းထဲသို့ ငုံ့ကာ "အစ်ကို ကြောက်‌နေတယ်"
သူမလေးဟာ တစ်ခုခုကို ကြောက်နေပုံရတယ်
သူမ၏ မျက်နှာပေါ်တွင် ကြေကွဲဖွယ်ရာ
အမူအရာ ပေါ်လာတယ် သူမ မဝင်ရဲဘူးလေ
"မကြောက်ပါနဲ့ မေမေ ဒီမှာရှိတယ်လေ မင်းဘာကိုကြောက်နေတာလဲ?" ကျန်းယီ က
သူမလက်ကို ဆုတ်လိုက်ပြီး အီရန်လုပ်နေပုံကို ကြည့်ဖို့ သူမကို ခေါ်သွားတော့မယ်
မလှမ်းမီ အန်းချီ က ကြောက်စိတ်ဖြင့် ငိုပြန်၏
ကူကယ်ရာမဲ့ ကျန်းယီသည် သူမကို ခေါ်သွားကာ ထိုနေရာမှ ထွက်သွားခဲ့၏

Two Mom [ Rebirth ]Där berättelser lever. Upptäck nu