အခန်း ၇၄

770 106 0
                                    

Two mother
Translator - Lilac M
အခန်း (၇၄)

"စိတ်မကောင်းပါဘူး ကလေးတွေခေါ်လာပြီး ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိလို့" သူမဖေဖေကို ဖက်ခိုင်းနေတဲ့ "စုအန်းချီ"ကို ချီဖို့ "ကျန်းယီ" ရှေ့တိုးလိုက်သည်။ သူ့ကို ထက်အောက်ဘယ်ညာကြည့်လိုက်ပြီး ရွဲ့တဲ့တဲ့နဲ့ ပြောသည်။ "ဒါနဲ့ ရှင်သူ့ကိုဒီနေ့အိမ်ခေါ်မလာဘူးပဲ ရှင့်ကုမ္ပဏီက၀န်ထမ်းသစ်က ရှင်နဲ့အတူပါမလာတော့ နည်းနည်းတော့အံ့ဩမိသား"

"စုဇီရွှမ်း" စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးမှိတ်လိုက်ပြီး နားထင်ကိုပွတ်လိုက်သည်။ သူ့မျက်လုံးတွေပြန်ဖွင့်လိုက်ပြီး သွေးအေးအေးနဲ့ပြန်ပြောသည်။ "ငါပြောတာအကြိမ်ပေါင်းမနည်းတော့ဘူး ငါနဲ့ကျာချီးပတ်သက်မှုက သာမန်မိတ်ဆွေတွေလောက်ပဲ အဲ့နေ့က သူ့ကိုခေါ်လာတာက_"

"ရှင် ကျွန်မကို ရှင်းပြဖို့မလိုဘူး" "ကျန်းယီ" ကြားဖြတ်ပြောလိုက်သည်။

"ကျွန်မမှာမျက်လုံးပါတယ် ကိုယ့်ဘာသာလည်းမြင်နိုင်နေတာပဲ ရှင်ပိုပြီးရှင်းပြနေရင် သံသယဖြစ်စရာရှိတယ်ဆိုတာ နားလည်လား"

"ကျန်းယီ"ဟာ မစ္စ'စု'ဆိုတဲ့ နာမည်ကို အသည်းထဲကကို မလိုချင်။ "စုကျီချန်း"က သူမကို ကွာရှင်းခွင့်မပြု။ သူမက "စုဇီရွှမ်း"ကို မနှစ်မြို့။ ဒါဆို တစ်ယောက်နဲ့တစ်ယောက်မချစ်ကြဘဲ ဘာလို့အတူတူနေရမလဲ။

သူ့ဘက်က သူမကို လက်လွှတ်လိုက်ပြီး အချစ်သစ်ရှာစေတာက ပိုမကောင်းဘူးလား။ သူ့ဘက်ကကြည့်ကြည့်၊ သူမဘက်ကကြည့်ကြည့် ကွာရှင်းခြင်းက အကောင်းဆုံးအဖြေပဲ။

ကလေးတွေအတွက်ကတော့_

"ကျန်းယီ" "စုအန်းရန်"ကို ကြည့်လိုက်မိတော့ စကားစရပ်သွားပြီး ‌နောက်ထပ်ဆက်ပြောသည်။ "တော်ပြီ ဒီနေ့ ကျွန်မဒီကိုလာတာ ရှင်နဲ့စကားများဖို့မဟုတ်ဘူး"

"စုအန်းရန်"က ဖခင်မေတ္တာရဖို့လိုအပ်နေဆဲ။ သူမ ဆက်ပြီးအငြင်းမပွားတော့။

"စုအန်းချီ"ကို ချီလာပြီး အခြားဆိုဖာတစ်ခုမှာထိုင်ရင်း ဟင်းလင်းပြင်ကိုငေးနေသည်။

Two Mom [ Rebirth ]Where stories live. Discover now