အခန်း ၇၅

1K 118 4
                                    

Two mother
Translator - Lilac M
အခန်း (၇၅)

သူ ကလေးတွေကို သိပ်မချီဖူးပေမယ့် သူပြန်လာတာတွေ့တိုင်း "စုအန်းချီ"မှာ တအားပျော်သည်။

သူချော့ကြည့်ရင်များ ရနိုင်မလား။

ဘာပဲဖြစ်ဖြစ် ဒါ သူ့ကြောင့်ဖြစ်ရတာ။

"စုအန်းရန်"က "စုဇီရွှမ်း"ကို စိုက်ကြည့်နေသည်။ သူ့အကြည့်တွေထဲမှာ မျှော်လင့်ချက်အပြည့်နဲ့။ တခြားကျောင်းသားတွေလို သူလည်း သူ့အဖေဖက်တာခံချင်သည်။ ဒါပေမယ့် အခု ညီမလေးကို ချီလိုက်သည်။

"ကျန်းယီ" တွေဝေသွားပြီး တွန့်ဆုတ်နေသည်။ "ရှင်လုပ်နိုင်လို့လား"

"လုပ်ကြည့်မလို့ပါ"

"စုဇီရွှမ်း"က သူ့လက်မောင်းတွေကို ဆန့်လိုက်ပြီး "ကျန်းယီ" ရင်ခွင်ထဲက "စုအန်းချီ"ကို တယုတယ ထွေးပွေ့လိုက်တော့ သူမရင်ဘတ်နဲ့ မတော်တဆ ထိမိသွားသည်။ နှစ်ယောက်စလုံး ကြက်သေသေသွားပြီး "စုဇီရွှမ်း"က "ကျန်းယီ" လန့်သွားတာကိုကြည့်ရင်း ရှက်ပြုံးပြုံးလိုက်သည်။

နှစ်ယောက်သားလက်ထပ်ထားတာ ကြာပြီဖြစ်ပေမယ့် ဖက်လဲတကင်းတွေ သိပ်မလုပ်ကြ။ သူ ဘာလို့ရှက်ရမှာလဲ။ လျှပ်စစ်နဲ့တို့လိုက်သလို သူ့ရင်ထဲမှာ ရှက်စိတ်လေးဖြစ်သွားပြီး သူ့လက်တွေလည်း ထုံထိုင်းသွားသည်။ "စုအန်းချီ"ကိုတောင် သေချာမချီနိုင်တော့။

"ကျန်းယီ" မျက်နှာတွေရဲသွားပေမယ့် လျှပ်စစ်စီးသလို ရင်ထဲအထိ ရှော့ခ်ရိုက်သွားစေတဲ့ အထိအတွေ့ကို လျစ်လျူရှုဖို့ကြိုးစားသည်။ ဒီလိုခံစားချက်မျိုး သူမ,တစ်ခါမှမကြုံဖူး။ ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးနေခဲ့တဲ့ ခံစားချက်တစ်ခုလို။

သူမ အနည်းငယ် စိတ်ထွေသွားသည်။ မြန်မြန်ဆန်ဆန်ပဲ "စုအန်းချီ"ကို သူ့လက်ထဲထည့်ပေးလိုက်ပြီး ထပ်တွန့်ပါတဲ့အင်္ကျီလေးကို လှမ်းယူလိုက်သည်။ သူ့ကိုလည်း ပြန်မကြည့်ရဲ။

သူ "စုအန်းချီ"ကို နူးနူးညံ့ညံ့ချော့ပြောနေတာ သူမကြားသည်။ အသံကတော့ သူမပြောနေကျအသံနဲ့ဆင်သည်။ သူမရင်ထဲက ဆန်းကြယ်ပြီး တောင့်တနေရတဲ့ နှင်းဆီပန်းပွင့်လေး။

Two Mom [ Rebirth ]Where stories live. Discover now