အခန်း၂

2.6K 332 9
                                    

Unicode

အခန်း၂

သူမ ကလေးနှစ်ယောက်အမေဖြစ်သော်လည်း
ဒီ‌အနုပညာလောကထဲကို စတင်ရုံမျှသာရှိသည့် တက္ကသိုလ်ကျောင်းသူတစ်ယောက်လို သူမပုံရိပ်ကို ထိန်းထားလိုက်၏ ။
သူမနှင့် စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် ဒါရိုက်တာလီဝေသည် ‌စောင့်ကြည့်အခန်းထဲကို ပြန်လှည့်ဝင်သွားပြီး ရိုက်ကူးရေးဇာတ်ဝင်ခန်းကို ကြည့်လိုက်သည် ။ ကျန်းယီသည် ဆိုဖာပေါ်‌၌ ထိုင်နေ၏ ။ ရှု့ထောင့်အမျိုးမျိုးတွင် ရိုက်ကူးရေးရိုက်ဖို့ ကင်မရာပေါင်းများစွာရှိ၏ ။ သူမ မသက်မသာဖြစ်နေသည် ။ ကံကောင်းချင်တော့ မူလပိုင်ရှင်ဟာ ပဒေသာရှိုးတွေမှာ တစ်ခါမှ ပါဝင်ခြင်းမရှိခဲ့ပေ ။ ဒါကြောင့် ဘယ်သူကမှ သူမရဲ့ ပင်ကိုယ်စရိုက်ကို မသိကြပေ ။
သူမ ဆိုဖာပေါ်မှာ ထိုင်ရင်း စိတ်လှုပ်ရှားစွာဖြင့် ကြမ်းပြင်ကိုသာ ကြည့်နေသည် ။ သူမ ကလေးတွေနှင့် ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ တွေးတောနေမိသည် ။ ဒါပေမဲ့ မူလပိုင်ရှင်က စုအီရန်နဲ့ မိသားစုတွေ့ဆုံပွဲ၌သာ အကြိမ်အနည်းငယ်မျှသာ တွေ့ဖူးသည် ။ စုအန်းချီ ကျတော့ သူမက ငယ်သေးသောကြောင့် စုဇီရွမ်က မိသားစုတွေ့ဆုံပွဲကို တစ်ခါမှခေါ်မလာချေ ။ ထို့ကြောင့် သူမလေးနဲ့ မတွေ့ဖူး‌ပေ။
သူမ မတ်တပ်ထရပ်လိုက်ပြီး အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် ခေါက်တုတ်ခေါက်ပြန် လမ်းလျှောက်နေမိ၏ ။ ဘာကြောင့်ဆို သူမအရမ်းစိတ်လှုပ်ရှားနေသောကြောင့် ဖြစ်လေသည် ။
တွေးတောပြီးနောက် သူမအခန်းထဲမှ ထွက်သွားပြီး စောင့်နေလိုက်သည် ။

အိမ်ထဲမှာ ရှိသည့် ကင်မရာတွေက သူမကို စိတ်လှုပ်ရှားစေပြီး စိုးရိမ်ပူပန်စေသည် ။
အမထောင်သည် သူမ၏ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေသည့် အမူအရာတို့ကို ကြည့်လိုက်သည် ။ အမထောင်က ထွက်လာ၍ သူမကို အင်အားဖြစ်စေမဲ့ အပြုံးမျိုးပြုံးပြလိုက်သည် ။
တံခါးမကြီးအနီးမှာ ဆယ်မိနစ်လောက်လမ်းလျှောက်ပြီးသည့်နောက် မနီးမဝေး၌ သူမဆီ ဦးတည်လာတဲ့ ကားတစ်စီကို ကျန်းယီတွေ့လိုက်ရ၏ ။ သူမအမြန်ပဲ ရှေ့သို့ လျှောက်သွားလိုက်သည်။

Two Mom [ Rebirth ]Where stories live. Discover now